7.zgi

242 8 0
                                    

"I'm drowning in love"

အပိုင်း(7)

သူမ
သူမ
သူမ

အဲ့ဒါကိုပဲစိတ်ထဲမှာတဝဲလည်လည်ဖြစ်နေတယ်

ခေါင်းထဲကထုတ်မရဘူး

သူမလိုမိန်းမသေးသေးကွေးကွေးလေးကဘာမို့လို့

သူ့ကိုပါးတောင်ရိုက်ရဲရတာလဲ

သူမလိုရုပ်ဆိုးပန်းဆိုးမိန်းကလေးကဘာဖြစ်လို့

သူနမ်းတာကိုမခံချင်ရတာလဲ

သူမလိုဘယ်သူမှစိတ်မဝင်စားနိုင်လောက်တဲ့ဒုဓလီပန်းပွင့်လိုပေါများနေတဲ့မိန်းကလေးကဘာမို့လို

သူ့ကိုလူလည်ခေါင်မှာအရှက်ခွဲရဲတာလဲ

သူတကယ်စိတ်ဆိုးတယ် သူတကယ်ကိုဒေါသထွက်တယ်

ဒါပေမဲ့လဲ သူမကမိန်းမသားလေ

သူ့အမေကပြောတယ် မိန်းကလေးတစ်ယောက်ကိုမဖျက်ဆီးရဘူးတဲ့

"ဟူးးးး"

ဒါပေမဲ့လဲ သူတကယ်ကိုတခုခုလုပ်ပစ်‌ချင်နေတာ

တယောက်ယောက်အပေါ်ပေါက်ကွဲပစ်ချင်နေတာ

မဟုတ်ရင်သူရူးတော့မှာ

အဲ့လိုအချိန်မှာပဲ

"ဟမ် ဒါကဟိုတယောက်လား"

ဟုတ်လား

သူသေချာကြည့်လိုက်တော့ တကယ်အဟုတ်ပဲ

ဟိုတစ်ယောက်

အဲ့ဟိုတယောက်ဆိုတာက

ဟိုတယောက်လေ

"ဟိုတယောက် ?.....လားးးးး??"

ဘုရားပေါ်မှာ?

မြန်မာဝတ်စုံအနီ‌ရောင်လေးနဲ့

ခုလိုဝတ်ထားတော့လဲ ဟိုညကထက်ပိုပြီးဆွဲဆောင်မူ့ရှိသလိုပဲ

ခါးသေးသေးလေးနားကအသားဖြူဖြူလေးကအနဲငယ်ပေါ်နေပြီးတော့ အနီရောင်နဲ့ဟပ်နေတာပဲ

လက်ပြတ်ကိုမှရင်ဖုံးလေးနဲ့ ဆံပင်‌တွေကိုလဲ တဝက်ပဲစီးထားတယ်

ရေသပ္ပယ်နေလေရဲ့

ဒီလိုကျတော့လဲ သာမာန်လူအတိုင်းပါပဲလား

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniTahanan ng mga kuwento. Tumuklas ngayon