12.zgi

202 8 0
                                    

(I'm drowning in love)

အပိုင်း(12)

တကယ်တော့ အလင်းသစ်ဆိုတဲ့သူကအရမ်းချောတာ

ပြုံးတောင်မပြုံးရသေးပဲစကားပြောလိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေးတွေနဲ့သွားစွယ်လေးတွေကိုအသာထားဦး ဒီအတိုင်းမျက်နှာပေါက်ကျတာကိုကပြည့်စုံနေပြီးသား

အဲ့လိုကိုမှ သူ့မှာမိန်းကလေးတွေကြိုက်တဲ့အသားအရောင် အရပ်နဲ့ six packsတွေကိုပါတွဲကြည့်လိုက်ရင် မင်းသားလုပ်ရင်တောင်တခြားမင်းသားတွေထိုင်ငိုသွားကြရမဲ့ရုပ်ရည်ပိုင်ရှင်မျိုး

အဲ့လိုအရာရာပြီးပြည့်စုံနေတဲ့လူတစ်ယောက်ကို ဘယ်သူကငြင်းမှာလဲ

သူ့ကိုယ်သူမှာ ဘာကိုအျကိုက်ဆုံးလဲမေးရင် ရုပ်ရည်ပဲ

အဲ့တော့ သူသာဖွင့်ပြောလိုက်ရင်သူမလေးကမငြင်းဘူးမဟုတ်လား

တကယ်တော့ တချိန်လုံးသူဘာသာသူကျိတ်ခံစားနေရတာက

သူမလေးငြင်းလိုက်မှာစိုးလို့ဆိုတဲ့အမှန်တရားကြီးကိုမျက်ကွယ်ပြုထားလိုက်တာပါပဲ

ဘာလို့ဆို သူမလေးမှာသူနဲ့ပတ်သတ်ပြီး အချစ်ဆိုတာကိုတစွန်းတစတောင်ရှိမနေလို့ပဲ

အခုတော့ သူမလေးက သူ့ပါးချိုင့်တွေနဲ့လာဆော့ကစားနေတော့ သူ့မှာ ရပ်တန့်ပစ်လိုက်ဖို့ရာမဖြစ်နိုင်တော့ဘူး

သူမလေးကော သူ့ကိုကျိတ်ချစ်နေတာလား

သူ့လိုထပ်တူခံစားနေရတာလားလို့တွေးလာမိပြီလေ

ပေါ်လာတဲ့အတွေးမျင်တို့ကို ပါးစပ်ကရုတ်တရက်ထုတ်ပြောလိုက်မိပြီး ထိန်းသိမ်းလိုက်ဖို့ရာလဲနောက်ကျသွားခဲ့ပြီ

"ငါနင့်ကိုစိတ်ဝင်စားတယ်"

"အမ်"

သူမကသူ့ကိုမျက်ဝန်းရွဲကြီးတွေနဲ့စူးစမ်းဟန်လှမ်းကြည့်တယ်

ပြုံးတောင်မပြုံးထားတဲ့သူ့ရဲ့အတည်ပေါက်မျက်ဝန်းတွေနဲ့ဆဲုတာတောင် သူမတချက်မတွန့်ခဲ့ပဲ

"ငါကတော့ no ပဲ "

"................"

ဂျိန်းးးးးးးးးး

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now