အပိုင်း(29)

3.2K 68 1
                                    

အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(29 )

"ဟဲ့ ပိုက်ဆံတွေအရမ်းမသုံးနဲ့လေ တော်ကြာ မကြီးပြန်လာလို့ စစ်ရင် နင်‌ေရာ ငါရောဂွိပြီပဲ လျှေ့ာသုံးစမ်းပါဟ နင်သုံးတာသူဌေးတယောက်လိုဖြစ်နေပြီ"

"ဟာဗျာ ဘာဖြစ်လဲ မကြီးရှာပေးနေတာပဲဟာကို အမလတ်မရှာရတာလဲမဟုတ်ပဲနဲ့လာကပ်စေးနဲမနေနဲ့ ဟိုတနေ့က အိတ်တလုံးကိုတသိန်းကျော်ပေးပြီးဝယ်ထားတာ ကျွန်တော်မတွေ့ဘူးများထင်နေလား မကြီးလာရင်တိုင်ပြောလိုက်မှာနော်"

"အမလေး မလုပ်ပါနဲ့ကိုယ်တော်ချောရယ် ဘယ်လောက်လိုတာလဲ "

"နှစ်သိန်း "

"ဟဲ့ နင့်ဟာက များလှချည်လား "

"မများပါဘူးဗျာ tripသွားတာလေ အဲ့လောက်တော့ရှိမှာပေါ့"

"ရှာပေးတဲ့သူရှိတိုင်းစွတ်သုံးမနေနဲ့ဟေ့ အငယ်ဆုံးလေးက ကျောင်းသားပဲရှိသေးတယ်ဆိုတာလဲသတိရဦး"

"လာပွားမနေပါနဲ့ဗျာ မငယ်တောင်းတာကျတော့အမြဲပေးနေပြီးတော့ "

"ဟဲ့ ဟိုကမိန်းကလေးလေ လှချင်မှာပေါ့ နင်ကယောကျား်လေးဘာလိုလို့လဲ "

"ယောကျာ်းလေးလဲလှချင်ပါတယ်ဗျာ "

"ဒါဆိုလဲအခြောက်လုပ်လိုက်ပေါ့ဟယ် "

"ဟာ မကြီးကလဲဗျာ"

မောင်နှမနှစ်ယောက်ရဲ့စကားနိုင်လုသံကို သူမ အိမ်ရဲ့ဘေးကနေ ခိုးနားထောင်နေမိတယ်

လက်ထဲမှာလဲ ပိုက်လာတဲ့ငါးသိန်းထုတ‌်လေးကိုတင်းတင်းပွေ့လို့ပေါ့

သူမပြုံးပြီး အထဲဝင်ဖို့လုပ်‌လိုက်ပေမဲ့ အငယ်ဆုံးလေးရဲ့စကားတခွန်းကြောင့် သူမခြေလှမ်းတွေယိုင်နဲ့ကုန်တော့တယ်

"မမလတ်  မကြီးက ကြက်မဆိုဟုတ်လားဟင် မီးသူငယ်ချင်းတွေပြောတာ ကြက်မဆိုတဲ့အလုပ်ကအရမ်းအောက်တန်းကျပြီးရွံဖို့ကောင်းတာပဲတဲ့ မီးကျောင်းမသွားချင်တော့ဘူး အီးးးးဟီးးးးဟ္ီးးးး သူတို့ကမီးကိုလိုက်စနေကြတယ် အီးဟီးဟီးးးးးးမီးရှက်တယ် မီးရှက်တယ် လို့ အီးးးဟီးဟီးးး"

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniOù les histoires vivent. Découvrez maintenant