35.zgi

241 7 0
                                    

(I'm drowning in love)

အပိုင်း(35)

"ဖြန်းးးးးးးးး"

"ေမေမ! "

"ထွက်သွား ! နင်ကငါ့သားမဟုတ်ဘူး ငါ့သားက အဲ့လိုလုပ်မှာမဟုတ်ဘူး သွား ငါနင့်ကိုရှက်တယ် ငါရှက်တယ် အားးးး ဘုန်းးးး ဝုန်းးးးး ဝုန်းးးး"

သူ့အရှေ့က မြင်ကွင်းကို သူမျက်နှာသေနဲ့ပဲကြည့်နေမိတယ်

သူ့အမေ
အရမ်းတည်ငြိမ်အေးဆေးတဲ့သူ့အမေက အခုလို ပေါက်ကွဲသောင်းကျန်းလာမယ်လို့မထင်ခဲ့

သူ့ကိုလက်လေးတောင်မရွယ်ရက်ခဲ့တဲ့သူ့အမေက အခုတော့ ပါးကိုရိုက်တဲ့အပြင် ‌ဖန်ခွက်နဲ့လဲ ကောက်ပေါက်လို့ သူ့နဖူးကွဲသွားခဲ့လေပြီ

စိတ်လွတ်သွားတဲ့သူလို သူ့ကိုရွံစရာကြီးလို ကြည့်နေခဲ့တဲ့ အဲ့အကြည့်က သူ့အဖေကိုကြည့်တဲ့အကြည့်နဲ့ တထပ်ထဲပဲ

ဖောက်ပြန်တယ်ဆိုတဲ့အကြည့်

သစ္စာဖောက်တယ်ဆိုတဲ့အကြည့်

ပြီးတော့ ရွံရှာမုန်းတီးတဲ့အကြည့်

"ပေါက်...... ပေါက်..... ပေါက်"

သူ့သွေးစက်တွေက နဖူးပြင်မှတဆင့် မေးစေ့ဆီသွယ်စီးလာကာ ကြမ်းပြင်ပေါ် တစက်စက်နဲ့ပြုတ်ကျသွားခဲ့တယ်

သူ ကျောက်ရုပ်လိုရပ်နေဆဲပဲ

သူ့သွေးတွေကိုမြင်တော့ သူ့အမေလဲ နဲနဲတော့ သွေးအေးသွားတဲ့ပုံပဲ

သက်ပြင်းချကာ သူ့ကိုပြောလာတယ်

"အဲ့မိန်းကလေးနဲ့အဆက်ဖြတ်လိုက် မင်းနဲ့သူမနဲ့ လုံးဝမတန်ဘူး"

"မတန်ဘူးလား တန်တယ်လားဆိုတာကို သားပဲဆုံးဖြတ်မယ်အမေ သူမကဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် သူမကသားရဲ့အချစ်ဦး ရည်းစားဦး ပြီးတော့ ပထမဆုံးအရာတွေအပ်နှင်းထားရတဲ့ တန်ဖိုးထားရတဲ့ သူပဲ "

"ဘာ! ! ! ! ! အလင်းသစ် ! ! ! ! နင့်ကိုငါဘယ်လိုသင်ပေးထားခဲ့မိတာလဲ ! !  ကြည့်စမ်း!! ! အရမ်းကို ထင်ရာစိုင်းနေတာ ငါမသိခဲ့ဘူးပဲ သွား ! ! ! ငါ့မျက်စိရှေ့ကထွက်သွား ! ! !  အ ! အ! "

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniOpowieści tętniące życiem. Odkryj je teraz