အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)အပိုင်း(40)
"အားးးးးးးးးး အလင်း ! အလင်း ! "
သူ့မှာ သူမအော်သံကြောင့် ဖတ်လက်စသတင်းစာကို ပစ်ချပြီး အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီး သွားလိုက်ရတယ်
"ဘာလဲ ဘာလဲ ဘာဖြစ်တာလဲ "
"အားးးးးးး "
"ဘာဖြစ်တာလဲလို့ ဗိုက်နာနေတာလား ခေါင်းကိုက်နေတာလား ဟမ် ဘာဖြစ်နေတာလဲ"
"အားးးးးးးး"
"ကိုယ်ရင်တုန်လာပြီ ပြောစမ်းပါကွာ ဘာဖြစ်တာလဲလို့"
"လွန်းမှာလေ လွန်းမှာလေ......."
"အင်းးး လွန်းမှာ ? ဘာဖြစ်လဲ ?"
"လွန်းမှာလေ "
"အင်း"
"လွန်းမှာ "
သူမရဲ့စိတ်လှုပ်ရှားပြီးသေတော့မလိုပုံစံက သူ့ကိုစိတ်ပူလာစေတယ်
"ဘာဖြစ်လဲပြောစမ်းပါကွာ"
"လွန်းမှာ ကိုယ်ဝန်ရှိနေပြီ အားးးးးးးးးး"
"ဟမ်"
"ကိုယ်ဝန်လေ ကလေးလေးရတော့မယ်လို့ အားးးး အရမ်းပျော်တာပဲ အလင်းနဲ့တူတဲ့ကလေးလေးက လွန်းတို့ကမ္ဘာထဲရောက်လာတော့မယ်လို့ပြောနေတာ...."
".........."
"မပျော်ဘူးလားဟင် ဘာဖြစ်လို့လဲ"
အလင်း သူမရဲ့မျက်နှာကိုကြည့်ပြီး မပြောရက်ဘူး ဘယ်လိုပြောလိုက်ရမလဲမသျဘူးဖြစ်သွားတယ်
သူသေချာကာကွယ်ထားရက်နဲ့
"အကြိမ်တိုင်းကိုယ်သေချာကာကွယ်ခဲ့တာလေ ဒီကလေးက ဘယ်ကရောက်လာတာလဲ"
"........."
"အဲ့ဒါကဘာဖြစ်တာလဲ ဟေ့ လွန်း ပြောနေရင်းနဲ့ လှည့်ထွက်သွားတာမကောင်းတဲ့အကျင့်နော် လွန်းးး ကျစ်"
သူမက သူ့ကိုအတန်ကြာစိုက်ကြည့်ပြီးတော့ စကားတခွန်းမဆိုပဲ လှည့်ထွက်သွားတော့တာ
သူ့မှာသာ ဘာဖြစ်မှန်းမသိကျန်ရစ်ခဲ့တော့တယ်
သူ နေရာတိုင်းလိုက်ရှာတယ်
ESTÁS LEYENDO
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...