အပိုင်း(39)

3.3K 56 0
                                    

အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(39)

"သင်သည် ဒီအမျိုးသားအား လင်ယောကျာ်းအဖြစ်သတ်မှတ်ပါသလား"

"သတ်မှတ်ပါတယ်"

"သင်သည် ဒီအမျိုးသမီးအား ကြင်ဖော်မိန်းမအဖြစ်သတ်မှတ်ပါသလား"

"သတ်မှတ်ပါတယ်"

"အိုသည်ဖြစ်စေ နာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ နေမကောင်းသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နှစ်ယောက်အတူတူ ဆံဖြူသွားကျိုးတဲ့အထိ အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ကြပါစေ ကဲ ဒီနေရာမှာ လက်မှတ်ထိုးပြီးတာနဲ့ နှစ်‌ေ‌ယာက်သားဟာ အကြင်လင်မယားအဖြစ်အောင်မြင်သွားပါပြီ"

အလင်းသစ် လက်ထပ်စာချုပ်ကိုဖွင့်ကာ လက်မှတ်ထိုးလိုက်တယ်

သူမကလဲ နောက်တအုပ်မှာလက်မှတ်ထိုးနေလေရဲ့

သူထိုးပြီးသွားတော့ သူမဘက်ကိုလှည့်ကာ စာအုပ်ချင်းလဲလိုက်တယ်

အဲ့ဒီလိုနဲ့ ဒီနေ့ဟာ သူတို့ရဲ့မင်္ဂလာရက်မြတ်ဖြစ်လာတော့တာပေါ့

"ကျေးဇူးတင်ပါတယ် လွန်းကိုဇနီးမယားအဖြစ် ပေါင်းသင်းရလို့ အလင်းနစ်နာသွားပါပြီ"

"အဲ့လိုမပြောပါနဲ့ ကိုယ်မနစ်နာပါဘူး အချစ်နဲ့တည်ဆောက်တဲ့လမ်းကြောင်းမှာ လျှောက်ကြမဲ့ကိုယ်တို့နှစ်ယောက်လုံးနစ်နာသူတွေမဟုတ်ပါဘူး ကိုယ်နဲ့အတူ ခရီးလမ်းအရှည်ကြီးကိုလျှောက်ပေးပါဦးနော်"

သူမ မျက်ရည်များကို အသာအယာသုတ်ပေးလိုက်တယ်

စိတ်လိုက်မာန်ပါလုပ်ဆောင်ပြီးသွားပြီဖြစ်လို့ အခုအချိန်မှာတော့ စိတ်ရှုပ်စရာ အရာအားလုံးကို သူမလွင့်ပစ်လိုက်ပါပြီ

"လွန်းရဲ့မောင်နှမတွေကိုအသိပေးချင်လား"

"အင်း အလင်းရဲ့အမေကိုအသိပေးပြီးတဲ့အခါ သွားကြတာပေါ့"

"အင်း"

သူတို့နောက်မှာကျန်ခဲ့တဲ့တရားရုံကိုကြည့်လိုက်ရင်း နှစ်ယောက်သားပြုံးမိကြတယ်

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora