🍷🍿🍷အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)အပိုင်း(9)
"ဟေ့ "
"ဘာလဲ"
အလင်းသစ် သူမကိုသေချာကြည့်လိုက်တယ်
"ကိုယ်နဲ့တနေရာကိုလိုက်ခဲ့"
"ရူးနေလား "
သူထပ်မပြောတော့ပဲ သူမကိုဆွဲလာကာ သူတို့အသင်းရဲ့ရုံးခန်းထဲဆွဲခေါ်လာခဲ့တယ်
သူအားမသုံးချင်ပါဘူး
ဒါပေမဲ့ သူမက မလိမ်မာဘူး
အဲ့တော့ သူမကိုပခုံးပေါ်တင်ပြီးေဇာက်ထိုးမလာတော့တယ်
သူမရဲ့လက်က သူ့ကျောပြင်ကိုဗျောတင်နေလဲ သူဂရုမစိုက်ဘူး
နာတာကိုအောင်ခံပြိး သူမကိုသာ သယ်မသွားခဲ့တယ်
"ဘန်းးးးး"
သူမကို ဗီဒိုနဲ့ကျောကပ်ပေးလိုက်ပြီး သူရဲ့လက်တို့နဲ့ပိတ်ထားလိုက်တယ်
"နင်...နင် ...နင်....ဘာလုပ်မှာလဲ ?"
"ဘာလုပ်မယ်လို့ထင်လဲ "
သူတဖြေးဖြေးနဲ့သူမနားတိုးကပ်သွားတယ်
သူမဖုံးကွယ်ထားတဲ့ ရွှန်းလဲ့မျက်ဝန်းလေးများကိုစူးစိုက်ကကြည့်ရင်း
ရုတ်တရက်သူမရဲ့မျက်မှန်ကိုချွတ်ပစ်လိုက်တော့တာပဲ
"အလင်းသစ်! ဘာလုပ်တာလဲလို့"
အဲ့အခါ သူမရဲ့မျက်ဝန်းအလှဟာ သူ့ရှေ့မှာ အတားအဆီးမရှိထွက်ပေါ်လာတော့တယ်
ဒီမျက်ဝန်းတွေက တစ်ယောက်ယောက်နဲ့ဆင်လိုက်တာ
ပြီးတော့ အရမ်းလဲလှတယ်
မျက်တောင်လေးတွေကရှည်လျှားပြီးကော့ညွတ်နေတာပဲ
မျက်ဆံလေးတွေက အနက်ရောင်စိုစိုလေး
သူအနီးကပ်ကြည့်ရှူ့ဖို့ရာ အနားကပ်သွားလေ သူမရဲ့ဆွဲဆောင်မူ့ထဲပိုကျဆင်းသွားလေပဲ
သူအခုမှ သူ့ကိုယ်သူ သတိထားမိတယ်
သူက သူမကိုစိတ်ဝင်စားနေတာပဲ
"မဖြစ်နိုင်တာ !"
သူတုန်လှုပ်သွားတယ်
ESTÁS LEYENDO
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...