20.zgi

227 8 0
                                    

(I'm drowning in love)

အပိုင်း(20)

#အောက်ပါအခန်းများသည် အသက်မပြည့်သူများမဖတ်သင့်ပါ #

,# ကြမ်းတမ်းသောအခန်းများပါဝင်သည်#

# warning ပေးထားလဲဖတ်မှာပဲမဟုတ်လား သိနေတယ်နော် #

ရုတ်တရက် သူဘာလုပ်ရမှန်းမသိတော့

သူ့ကမ္ဘာတခုလုံးက ဇောက်ထိုးဖြစ်သွားခဲ့လေပြီ

အလင်းသစ်ရဲ့ပြုံးနေတဲ့မျက်နှာဟာ တည်တံ့သွားပြီး ရုပ်တည်ကြီးဖြစ်လို့သွားတယ်

သူနှုတ်ခမ်းမှာ ဘာအပြုံးတို့မရှိသလို မျက်ဝန်းများကလဲအေးစက်လျှက်

သူရပ်နေရင်းနှင့်ပင် အေးစက်တဲ့အရှိန်အဝါတို့ ဖြာထွက်လာခဲ့တယ်

အဲ့ဒါကမှ သူ့ရဲ့ပုံစံအစစ်ပဲ

လောကကြီးကိုနာကျည်းနေတဲ့သူ

အရာအားလုံးကိုမုန်းနေတဲ့သူ

ငရဲတက်လာတဲ့ငရဲသားလိုကြောက်မက်ဖွယ်ရာအော်ရာများနဲ့သူ

အလင်းသစ်

သူ့ရဲ့အခွံအောက်မှာပုန်းနေတဲ့နတ်ဆိုးတကောင်ဟာ တဖြေးဖြေးချင်းရုန်းကြွလာခဲ့တယ်

ဘာလို့သူစောင့်ထိန်းနေရဦးမှာလဲ

ဘာလို့သူထိန်းချုပ်နေရဦးမှာလဲ

ဘာလို့စည်းစောင့်နေရဦးမှာလဲ

ရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေကြောင့် သူမက အခန်းတံခါးဆီကိုလှည့်ပြေးတယ်

သူမရဲ့ခြေထောက်တိုတိုလေးတွေနဲ့ ဘယ်အချိန်အထိ ဘယ်လိုများပြေးနိုင်မှာတဲ့လဲ

သူခြေလျမ်းကျဲတွေကို တလှမ်းနှစ်လှမ်း လှမ်းလိုက်ရုံနဲ့တင် သူမရဲ့အင်္ကျီကော်လာစကိုဆုပ်ကိုင်မိပြီးသား

အလင်းသစ်ဆိုတာမရှိတော့ဘူး

အမှောင်ထဲက ကုန်းရုန်းတက်လာတဲ့ နတ်ဆိုးဆိုတာပဲ သူမရှေ့မှာရှိတယ်

"ဘယ်ပြေးမှာလဲ မင်းသိသင့်တယ် ငါ့ကိုဒီလှည့်စားပြီ သာသာယာယာလေးလှည့်ထွက်သွားလို့ရကြေးလား အရမ်းလွယ်မနေဘူးလား ဟမ် ပြောကြည့်ပါဦး သိမ်မွေ့လွန်း အဟက် မင်းကိုဘယ်လိုများခေါ်လိုက်ရပါ့မလဲ ဒါမှမဟုတ် ......"

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniTempat cerita menjadi hidup. Temukan sekarang