အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)အပိုင်း(37)
"ထွက်သွား ! ! ! "
အဲ့ဒါကတော့ သူ့ရဲ့အမေဆီက ခုနှစ်ကြိမ်မြောက်ကြားရခြင်းပါပဲ
သူကတော့ ဝမ်းနည်းနေတဲ့မျက်ဝန်း တောင်းဆိုတဲ့မျက်ဝန်းတွေနဲ့ သူ့အမေကိုကြည့်နေပေမဲ့
တော်တော်စိတ်ဆိုးနေတဲ့ပုံရတဲ့သူ့အမေကတော့ သူ့သားကိုတောင်လာမတွေ့တော့နဲ့လို့ပြောလာတယ်
"အလင်း "
"ဟင်"
"လွန်းတို့လမ်းခွဲလိုက်ရအောင်ပါနော် လွန်းကြောင့် အလင်းရဲ့အမေနဲ့ဒီလိုဆက်ဆံရေးခက်ခဲနေတာ အလင်းအမေက လွန်းကို တနေ့ကျမုန်းသွားလိမ့်မယ်"
"မုန်းပါစေပေါ့ သူမုန်းတဲ့အချိန်အထိပဲ ကိုယ်တို့ ရှိပါစေဦး "
"........."
သူမမှာပြောစရာစကားတောင်မဲ့သွားရတယ်
သူမကတော့ အလင်းသူမနားရှိနေရင်ကို ရနေပြီ
ကျန်တာကတော့ မမျော်လင့်ရဲတော့ပါဘူး
"အလင်း တကယ်ကြီး ဒီလိုနေလို့ဖြစ်ရဲ့လားဟင် ဟိုတယ်မှာတက်နေတာ တကယ်အဆင်ပြေလား အိမ်မပြန်တော့ဘူးလား"
ဖြစ်ပုံကတော့ သားအမိနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မာနပြိုင်နေကြတာပေါ့
ဟိုတယောက်ကလဲ သူမနဲ့လမ်းခွဲရင် အိမ်ပေါ်ပြန်တက်လာခဲ့တဲ့
ဒီတယောက်ကလဲ သူမနဲ့သဘောမတူရင် တက်မလားဘူး အိမ်မပြန်ဘူးတဲ့
သူမက ကြားထဲက ဟိုဖက်သည်ဖက် ကြားညှပ်နေရတယ်
"အလင်း"
"ဘာတုန်းကွာ"
"ဟို အလင်းအမေကိုပဲစိတ်ချမ်းသာအောင်အရင်လုပ်ပေးလိုက်ရင်မကောင်းဘူးလားဟင် နောက်မှ ဟို အလင်းအမေနေကောင်းသွားမှ လွန်းတို့ပြန်တွေ့လဲရတာပဲဟာကို ဟင် ? ဘယ်လိုသဘောရလဲ"
"........"
စိတ်မရှည်တော့တဲ့သူက သူမကိုမျက်မှောင်ကြုတ်ကာစိုက်ကြည့်လာတယ်
ESTÁS LEYENDO
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...