အပိုင်း(36)

3.3K 62 1
                                    

အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(36)

ဖြန်းးးးးးး

သူမ ပါးတို့ပူထူသွားတယ်

တော်သေးတာက ကျောင်းသွားချိန်မို့အားလုံးမရှိတော့ပဲ တချို့တလေသာ အဆောင်မှာကျန်ခဲ့လို့

ကွက်ကြည့်ကွက်ကြည့်ဆိုပေမဲ့ အရမ်းကြီး ရုပ်ပျက်နေတာမျိုးမရှိလို့ပဲတော်သေးတယ်ပြောရမလား

"ဘာမှားနေလို့လဲဟင်"

"ငါဆေးစစ်ချက်မှာ HIV positive တဲ့ ဘယ်လိုဖြစ်တာလဲ မင်းနဲ့ပဲ ......."

ပြောနေရင်း ဒေါသထွက်လာတာကြောင့် သူ့မှာဒေါသထပ်ထိန်းရပြန်တယ်

"မင်းနဲ့ပဲ ငါအတူနေတာလေ မင်းဆီကကူးတာပဲဖြစ်မှာ ပြောကြည့်ပါဉီး တချိန်လုံးငြင်းနေပြီးမှ ချက်ချင်းကြီးလက်ခံလိုက်တာ ဘာအတွက်လဲ သိမ်မွေ့လွန်း မင်း အရမ်းတော်နေတာပဲ ဟမ်"

HIV positive ?

သူမ လဲပြိုသွားတယ်

ရပ်တည်နိုင်စွမ်းမရှိတော့လို့ ကုလားထိုင်ပေါ်ပြုတ်ကျသွားတယ်


သူ့မှာ

သူ့မှာ HIV positive ဖြစ်နေတယ်တဲ့လား

ဘယ်လိုလုပ်ပြီး

ဘယ်လိုဖြစ်နိုင်မှာလဲ

သူမအမှားတွေပါပဲ

အဲ့ဒါ သူမအမှားပဲ

သူမသာ သူ့ကိုမချစ်မိခဲ့ရင်

ဒါမှမဟုတ် သတိမပြုမိစေခဲ့ရင်

အဲ့ဒါက ဘယ်လိုလုပ်ပြီးတော့

"အားးးး အီးးဟီးးးဟီးးးး "

သူမ ရင်ကွဲမတတ်‌ငိုမိတယ်

မဟုတ်ဘူး

မဟုတ်သေးဘူး

လောကကြီးရယ်

သူမကိုရူးပြီးသေအောင်များလုပ်နေသလားပဲ

ဘာကြောင့်များ

ဘာကြောင့်များ သူ့ကိုဆွဲထည့်လာရတာလဲ

သူမအမှားတွေပါပဲ

သူမ အမှားတွေပဲ

ငရဲတွင်းထဲကတက်ဖို့လက်လှမ်းလာတဲ့သူကိုမှ အားမနာ သူမရှင်သန်တဲ့ငရဲတွင်းထဲဆွဲချမိပြီ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniTempat cerita menjadi hidup. Temukan sekarang