38.zgi

254 6 0
                                    

(I'm drowning in love)

အပိုင်း(38)

# အသက်မပြည့်သေးသူများမဖတ်ရန်။

# ကြမ်းတမ်းသောစကားအသုံးအနှုန်းများပါဝင်ပြီးညစ်ညမ်းသောအကြောင်းအရာများဖြစ်ပါတယ်

# warning ...18+

အလင်းသစ် သူမကိုဖိကပ်ထားကာ နစ်နစ်ဝင်ဝင်နမ်းရှိုက်လျှက်ရှိတယ်

အခုမှ ပွင့်ပွင့်လင်းလင်းချစ်လို့ရတော့မှာမို့ သူ့ရင်တခုလုံးဗရမ်းဗတာဖြစ်လို့နေတယ်

သူမရဲ့နုညံအိထွေးပြီးဂျယ်လီချိုမြတဲ့ဆွဲဆောင်မူ့ကြား သူကိုယ်တိုင်လိုလိုချင်ချင်နစ်ဝင်နေမိရင်းမှ သူမရဲ့နားသယ်စပ်လေးနားက မွှေးညှင်းနုဆံပင်လေးများကိုပွတ်သပ်ရင်း သူမလည်ပင်းဆီသူ့နှုတ်ခမ်းများရွေ့လျှားလိုက်တယ်

"အလင်း ! "

သူမရဲ့တုန်ရီတိုးညင်းတဲ့အသံလေးက သူ့ရင်ကိုရိုလာကိုစတာစီးတဲ့အချိန် အမြင့်ကပစ်ချခံလိုက်သလိုပဲ သူ့ဝမ်းဗိုက်ထဲကအရာအားလုံးအောက်ကိုပြုတ်ကျသွားသလိုခံစားရတယ်

တချိန်ထဲမှာပဲ သူ့ကိုယ်ထဲမှာကိန်းအောင်းနေတဲ့အချစ်နစ်ဆိုးကြီးကလဲနိုးထလာတော့တာပဲ

မဟုတ်သေးဘူး

အရင်တခါကလို သူမကိုအနိုင်ကျင့်မိရင်ဘယ်လိုလုပ်မလဲ

ရုတ်တရက် သူမကိုစွန့်ခွာပြီး မီးဖိုချောင်ထဲအပြေးဝင်သွားခဲ့တော့တယ်

သေမတတ်ပူလောင်နေတဲ့ရင်အစုံအတွက် ရေခဲတခွက် ဒါမှမဟုတ် ရေခဲတုံးငါးတုံးလောက်ဝါးစားလိုက်ရင်သူနေသာထိုင်သာရှိသွားမှာ

နားရင်းပါးရင်းတွေပူထူပြီး တကိုယ်လုံးရေနွေးထဲထည့်ပြုတ်ခံထားရသလို နဖူးမှ ခြေမထိပူလောင်နေလေတော့ သူရေခဲရေတခွက်ကို အမြန်မော့ချလိုက်တယ်

ဒါပေမဲ့လဲ မလုံလောက်သေးသလိုပဲ

ဒါကြောင့်နောက်တခွက်သောက်လိုက်တယ်

သူရေသောက်နေရင်း အနောက်ကအသံကြားလို့လှည့်လိုက်မိတာနဲ့

"ဖူးးးးးးးး "

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniOnde histórias criam vida. Descubra agora