(I'm drowning in love)အပိုင်း(15)
တကယ်ကြီးပြောင်းလဲသွားတဲ့ အလင်းသစ်ပါပဲ
"ကိုယ့်ကိုဒီနေရာလေးပေးလို့ရလားဟင်"
ဆွဲဆောင်မူ့ရှိပြီးတိုးရှတဲ့လေသံရဲ့အဆုံးမှာ အမျိုးသမီးလေးက ဘာမှမတတ်နိုင်ပဲဖယ်ပေးလိုက်ရတော့တယ်
"ဘာလာရှုပ်ပြန်တာလဲ"
သိမ်မွေ့လွန်းရဲ့မာဆတ်ဆတ်ဟောက်သံကြောင့် အလင်းသစ်တချက်တွန့်သွားပေမဲ့ သူအပြုံးမပျက်သေး
"မင်းကိုတွေ့ချင်လို့ပေါ့"
အံဩတကြီးနဲ့ချက်ချင်းလှည့်ကြည့်လာတဲ့သူမကို သူရဲ့မူပိုင်အပြုံးလေးတခုနဲ့နှုတ်ဆက်လိုက်တယ်
သွားစွယ်လေးတွေနဲ့ပါးချိုင့်ပါတဲ့အပြုံး
ကြွေစမ်း
ကြွေလိုက်စမ်း
"ရူးသွားတာတော့မဟုတ်ဘူးမလား"
"ဟင်အင့် ကိုယ်မရူးပါဘူး"
"တော်သေးတာပေါ့ ငါကနင့်ကိုဂေါက်သွားပြီမှတ်နေတာ"
"ဟမ်"
သူဘာဆက်ပြောလိုက်ရမှန်းမသိ
အဲ့အချိန်ဆရာမဝင်လာတာနဲ့အကိုက်ဖြစ်သွားလို့တော်သေးသူခုမှ သတိထားမိတယ် သူမရဲ့လက်ဆစ်လေးတွေကသေးသေးသေးလေးပဲ ပြီးတော့ အကြောတွေယှက်လို့ဖြူစွတ်နေတယ်
စာရေးလိုက်တိုင်းပေါ်လာတဲ့အနီရောင်အဆစ်လေးတွေဟာကုန်းကိုက်ချင်စရာ
ပြီးတော့ သူမလက်ရေး
သေးသေးလေးနဲ့ချွန်ချွန်လေး
ီညီညီညာညာရေးထားပုံကကွန်ပျူတာထဲကထွက်လာတဲ့ Fontအသေးစားလေးတွေလို
ဖိရေးလို့မဲနက်နေတဲ့အဲ့လက်ရေးလေးဟာ မိတ္တူစက်ထဲကကာဗွန်အပြည့်အဝရလာတဲ့အလားမှိန်သွားတာလုံးဝမရှိဘူး
သူမက မျက်နှာသာမလှတာ ကျန်တဲ့အစိတ်အပိုင်းတွေကတော့အရမ်းကိုချစ်စရာကောင်းနေရောပဲ
ဥပမာ မျက်ဝန်းလေး
ချွန်နေတဲ့နှာခေါင်းလေး ပြီးတော့ သူနမ်းဖူးတဲ့ စိုအိအိနှုတ်ခမ်းလေး
ESTÁS LEYENDO
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...