(I'm drowning in love)အပိုင်း(33)
"မှ"
အလင်းသစ် သူမပါးနုနုလေးကို မြတ်နိုးခြင်းကြီးစွာနဲ့နမ်းရှိုက်လိုက်တယ်
"အာ လူတွေရှေ့မှာကို "
"ဘာဖြစ်လဲ ကိုယ့်ချစ်သူကိုနမ်းတာပဲဟာ "
ဒီနေ့တော့ သိမ်မွေ့လွန်းက အရင်ကလိုလဲ ရုပ်မဆိုး နွဲ့နှောင်းဟန်လိုလဲ ဆက်ဆီမကျအောင်အလည်အလတ်ဝတ်စားထားတယ်
ဆံပင်အိအိလေးတွေကိုချထားပြီး မျက်မှန်ကိုဖယ်ရှားထားတယ်
ရင်ဖုံးခါးတိုလက်ပြတ်အင်္ကျီလေးကို ပါတိတ်ထဘီလေးနဲ့တွဲဖက်ဝတ်ဆင်ထားတာကြောင့် သူမရဲ့ခါးသေးသေးအသားဖွေးဖွေးလေးက လှုပ်ရှားလိုက်တိုင်းပေါ်နေတော့တာ
သိမ်မွေ့လွန်းရဲ့ကိုယ်ကအရမ်းလှတယ်
အရှေ့ကကြည့်တော့ ရင်မို့မို့လေးဗိုက်ချပ်ချပ်လေး
နောက်ကကြည့်တော့ တင်အိအိလေးကမို့ပြီး ကျောပြင်လေးဖြောင့်စင်းလို့
ဘေးတိုက်ကြည့်တော့လဲ အမို့အမောက်အစုံနဲ့ခါးကခပ်တင်းတင်းကိုင်မိရင်တောင်ကျိုးတော့မဲ့ပုံလေးနဲ့
သိမ်မွေ့လွန်းပုံနဲ့ကျတော့ အရမ်းရုပ်ဆိုးလွန်းပြီး ဘာမှပေါ်မနေဘူး
နွဲနှောင်းဟန်လိုပုံလေးကျတော့လဲ ဂါဝန်တွေအဝတ်များလို့ သူမရဲ့အလှတရားက နဲနဲတော့ပိုထင်းလွန်းနေတယ်
ဒီလိုရိုးရိုးလေးပုံနဲ့ကျတော့
ဟိုလူကြည့်သည်လူကြည့်နဲ့ အဲ့အကြည့်ပိုင်ရှင်တွေအားလုံးကို သူစိတ်တိုနေမိပြီ
" လွန်း"
"ဟင်"
"နောက်ကျရင် ရုပ်ဆိုးဆိုးပုံတုံးတုံးပဲဝတ်ခဲ့ကွာ ကိုယ့်ချစ်သူအရမ်းလှတာ ကိုယ်တယောက်ထဲပဲသိရင်ရပြီ မဟုတ်ရင် ကိုယ့်ဘေးကောင်တွေရဲ့မျက်လုံးတွေကိုဖောက်ထုတ်မိတော့မယ်"
အားလုံးကို သူမတချက်ခြုံကြည့်လိုက်ပြီးတော့
သူ့ဘက်တိုးကပ်လိုက်ကာ သူ့ပခုံးပေါ်မေးလေးတင်လိုက်ရင်း
ВЫ ЧИТАЕТЕ
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Любовные романыအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...