26.zgi

221 7 0
                                    

(I'm drowning in love)

အပိုင်း(26)

အချစ်ဆိုတာ ကြည်နူးစရာတွေကိုသယ်ဆောင်လာနိုင်သလို

ငိုကြွေးခြင်းတွေကိုလဲ ယူဆောင်လာနိုင်ပါတယ်

"ဒီနေ့တော့ကုတင်ပေါ်ပဲသွားရအောင်"

အဲ့စကားတခွန်းနဲ့
သူ့ရဲ့မျက်နှာဖုံးအောက်က နတ်ဆိုးလိုအကျင့်တွေကို သူမတခါလက်ခံရပြန်တယ်

သိမ်မွေ့လွန်းဆိုတဲ့သူမကို အဲ့လောက်တောင်ချစ်တာလား

သူမက နွဲ့နှောင်းဟန်ဆိုတာကိုသိသွားရင်တောင်လား

အနားသတ်တို့နီရဲနေတဲ့သူ့ရဲ့မျက်ဝန်းတစုံက ဒေါသထွက်နေတာတောင်မှလှနေတုန်းပါ

အပြုံးတို့မရှိတာတောင်မှ ပေါ်နေတဲ့ပါးချိုင့်လေးကို သူမ လက်ညိုးလေးနဲ့အသာထိချင်နေတုန်း

သူမရဲ့ခံစားချက်တွေပွင့်အံထွက်တော့မလိုတောင်ဖြစ်ခဲ့တဲ့ အဲ့နေ့ကလိုပေါ့

အဲ့နေ့က သူမကိုယ်စား သူခံယူပေးခဲ့တဲ့ကတ္ထူပုံးတွေဟာ သူ့ကိုသိပ်မနာစေဘူးဆိုတာ သူမသိပေမဲ့

တခါမိ ကာကွယ်ပေးခြင်းမခံရဖူးတဲ့သူမအဖို့တော့ တကယ့်ကိုလမ်းစအသစ် ခံစားချက်အသစ်ပါပဲ

သူ့ကိုငေးကြည့်ရင်း စကားပြောတိုင်းပေါ်လာတဲ့အဲ့ပါးချိုင့်လေးကိုအမြတ်တနိုးနဲ့နမ်းရှိုက်လိုက်ချင်တာ

ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ့ရဲ့ပါးချိုင့်လေးကိုလက်ညိုး‌လေးနဲ့ပဲထိုးမိလိုက်တယ်

အခုလဲ သူမအဲ့လိုထပ်လုပ်ချင်ပြန်ပြီ

ဒါပေမဲ့ ဖျတ်ခနဲလက်သွားတဲ့ရက်စက်ခြင်းတွေအပြည့်နဲ့သူ့မျက်ဝန်းတွေနဲ့အတူ မာကျောတဲ့အရာက သူမဆီကိုထပ်မံထိုးခွဲလာခဲ့တယ်

သူ မညှာခဲ့ပါ

သူ သနားမူ့မရှိခဲ့ပါ

သူမကို သူ ထည့်မတွက်ခဲ့ပါ

သူမက အခကြေးငွေပေးထားလို့ သနားစရာမလို့ဘူးလို့ သူတွေးတာလား

ဒါမှမဟုတ် သူမ(သိမ်မွေ့လွန်း)ကိုပဲ တန်ဖိုးထားပြီး တခြားဘယ်သူတွေကဘာဖြစ်ဖြစ်လား

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora