အပိုင်း(6)

3.8K 76 0
                                    

🍿🌴အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(6)

"ဟေ့ ဟေ့ နင်တို့မှားမယ်နော်"

သူမဆီကိုသွားနေကြတဲ့ မိန်းကလေးသုံးယောက်က သရဲမရဲစီးနေပြီး အရာအားလုံးဆုတ်ဖြဲဆွဲဆုတ်တော့မဲ့ပမာ

သူ့နှုတ်ခမ်းတို့တွန့်သွားတယ်

နံရံကိုမှီ လက်ပိုက်ပြီးသူမလေးဘယ်‌လိုဖြေရှင်းမလဲဆိုတာကိုလဲသိချင်နေမိတယ်

"အဲ့ကောင်ကိုကြည့်လိုက်ဦး "

မိန်းကလေး လေးယောက်လံုးက သူ့ကိုလှည့်ကြည့်လာကြတယ်

သူကတော့ အပြုံးတခုနဲ့လက်ပါပြလိုက်သေးတာပေါ့

နောက်တော့ အဲ့မိန်းကလေးသုံးယောက်ရဲ့အာရုံက သူမနားပြန်ရောက်သွားလေတယ်

သူကတော့ သူမရဲ့အသံတိတ်မျက်စောင်းလက်နက်ကို ခံယူရသေးတယ်

သူပြုံးမိပြီလေ

သူမကချစ်ဖို့ကောင်းတယ်လို့လဲထင်နေမိပြီ

ပြိးတော့ ဒိလိုကိစ္စကိုသူမဘယ်လိုများဖြေရှင်းမှာလဲလို့ သိချင်နေမိပြီ

"အဲ့ကောင်က အရမ်းချောပေမဲ့လဲ ဘယ်မိနး်ကလေးကိုမပြုံးပြဖူးတာရှိလို့လဲ"

သူမပြောတာကို ကျန်မိန်းကလေးသုံးယောက်က ကြောင်တောင်တောင်ယောင်တောင်တောင်နဲ့ခေါင်းညိတ်ကြတယ်

"အေး"
"ဟုတ်တယ်"
"အေး"

သူမပြောရင်းပိုတက်ကြွလာတယ်

မျက်မှန်အောက်က မျက်ဝန်းလေးတွေဆို တောက်ပနေရော

"ဒါပေမဲ့လဲ သူက ဘယ်မိန်းကလေးကိုလက်ခံလိုက်တယ်လို့ကြားဖူးလဲ "

"နင်"
"နင်လေ"
"အေးလေ"

"နင်တို့ကိုပြောမယ် အဲ့ဒါက ထောင်ချောက်ပဲ ခဲတလုံးနဲ့ငှက်သုံးကောင်ဖမ်းချင်တာ  သူ့ကိုလာမရှုပ်အောင် နာမည်ဆိုးလဲမထွက်အောင် စန်းလဲဆက်ပွင့်နေအောင် င့ါကိုဗန်းပြပြီး နင်တို့ကိုဖယ်ရှားချင်တာ အဲ့လိုဆိုရင် တလောကလုံးကမိန်းကလေးတွေငါ့ကိုရန်ရှာနေတဲ့အချိန်မှာ သူကတော့အေးဆေးနေလို့ရတယ်လေ ပြီးတော့ နင်တို့သိလား သူကလောဘကြီးတယ် ငါ့ကိုအကာအရံအဖြစ်လို‌ချင်နေပြီးတော့ ငါ့ကိုစိတ်ဝင်စားနေတာလဲမဟုတ်ပဲနဲ့ ဒီလိုအကွက်ဆင်တယ် ဘယ်လောက်တွက်ချက်တတ်လိုက်သလဲ   ငါပြောမယ်နော် ငါကတော့ သူ့ကိုအခုရောနောက်ရောဘယ်သောအခါမှချစ်လာမှာမဟုတ်ဘူး အဲ့တော့ စိတ်မပူကြနဲ့ နင်တိုလဲတခြားတယောက်ကိုပြောင်းကြွေသင့်တယ် အဲ့ကောင်က ......."

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now