အပိုင်း(42)

3.5K 67 2
                                    

အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(42)

သူမ အဖြူရောင်ဟင်းလင်းပြင်ကြီးထဲမှာ နေရတာအရမ်းပျင်းလာခဲ့တယ်

တစုံတခုပျောက်ဆုံးနေသလိုခံစားရပြီး နှလုံးသားရဲ့အစိတ်အပိုင်းမှာတခုခုလိုနေသလို အမြဲရင်နာနေတယ်

ဘာမှမရှိတဲ့ဘဝမှာ အစက သူမပျော်နေတာပါ

ဒါပေမဲ့ တည်ငြိမ်နေတဲ့သူမဘဝကို တနေ့တော့ အသံတိုးတိုးလေးက လှုပ်နှိုးလိုက်လေတယ်

အဲ့အသံလေးက ပျင်းရိနေတဲ့သူမကို စကားလာပြောပေးတယ် ပတ်ဝန်းကျင်ကအကြောင်းတွေပြောပြတယ်

အဲ့လိုနဲ့ သူမအဲ့အသံသေးသေးလေးကို ချစ်ခဲ့မိတယ် မြတ်နိုးခဲ့မိတယ်

အချိန်‌တော်တော်ကြာတော့ အသံကြီးကြီးတစ်သံကိုလဲသူမကြားခဲ့ရပြန်တယ်

အဲ့အသံက သံလိုက်လိုဆွဲဆောင်အားရှိပြီး သူမကိုရင်ခုန်စေတယ်

တစုံတခုပျောက်နေတယ်

သူမဆီမှာ တစုံတခုပျောက်နေတယ်တဲ့

အချိန်ကြာလာလေ အမှောင်ထဲကတစုံတခုဟာသူမကိုဆွဲခေါ်နေသလိုခံစားရပြီး တစုံတရာပျောက်ဆုံးနေသလိုခံစားချက်ကပိုလို့ဆိုးဝါးလာကာ သူမကိုနေမရထိုင်မရဖြစ်စေတယ်

နောက်ဆုံးတော့ အဲ့ဒီပျောက်ဆုံးနေတဲ့အရာကိုရှာဖို့ သူမ စိတ်ဆုံးဖြတ်လိုက်တော့တာပဲ

တလှမ်းချင်း တလှမ်းချင်း အမှောင်ထဲပြန်တိုးဝင်လာခဲ့တယ်

ကြောက်ရွ့့နေတယ် ထွက်ပြေးချင်နေတယ် ဒါပေမဲ့ တန်တယ်လို့လဲ သူမထင်မိတယ်

ဘယ်သူမှ သစ်ပင်လူသားလိုဘဝမျိုး ဘာခံစားချက်မရှိ နှလုံးသားမရှိပဲ  တသက်လုံးမနေနိုင်ဘူးလေ

မဟုတ်ဘူးလား

အမှောင်ထဲ တလှမ်းတိုးဝင်လိုက်တိုင်းမှာ သူမနှလုံးသားထဲကို ပုံရိပ်များစွာ အပိုင်းအစများစွာ ဝင်ရောက်လာကြလေရဲ့

ဒါပေမဲ့ မြန်လွန်းလို့ ဘာတွေလဲဆိုတာကို လုံးဝ မသိဘူးဖြစ်နေတယ်

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniNơi câu chuyện tồn tại. Hãy khám phá bây giờ