အပိုင်း(44)

10.9K 117 0
                                    

အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(44) final chapter

"ဒါက ကိုယ့်တို့အိမ်လေ"

ဂါဝန်အဖြူရောင်ကိုဝတ်ထားပြီး အပေါ်က ဆွယ်တာအဝါရောင်လေး ဖိနပ်အပါးလေးနဲ့သူမက ကလေးလေးလိုပဲ

ပိန်ပိန်သေးသေးလေးနဲ့ မျက်လုံးလှလှလေးတွေက ကားရပ်လိုက်တဲ့အခါ ဘေးတိုက်မြင်‌လိုက်ရတဲ့အိမ်ကြီးကိုကြည့်လို့နေတယ်

"မေမေ လာ သားခေါ်သွားပေးမယ်"

လင်းမြတ်လွန်းက သူ့အမေလက်ကိုဆွဲခေါ်သွားပြီး တက်ကြွစွာဝင်ရောက်သွားတော့တယ်

ငါးလလောက် လေ့ကျင့်ခန်းလုပ် ပုံမှန်ကုသလာပြီးနောက်မှာ သူမက ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့ပြီ

ဒ‌ါပေမဲ့ သူမရဲ့နောက်ကြောင်းနဲ့သူမရဲ့ရောဂါ အကြောင်း သူဘယ်ကစပြောရမလဲမသိဘူး

တနေ့.......

တနေ့ပေါ့ သူမသိချင်လာတဲ့အခါ သူမပြန်သိဖို့ကြိုးစားလာတဲ့အခါမှပဲသူပြောပြလိုက်တော့မယ်

အထုတ်တွေကိုယူပြီး သူလဲ အထဲလိုက်ဝင်သွားလိုက်တော့တယ်

တနေ့ထက်တနေ့ သူမ ပုံမှန်လိုပြန်ဖြစ်လာတယ်

သူမရဲ့အစားအသောက် အမူအကျင့် အပြောအဆို အားလုံးအရင်လိုပဲ

သူ့ကိုလဲ တဖြေးဖြေးလက်ခံလာတယ်

လင်းမြတ်လွန်းလေးက သူတို့ကြားထဲအိပ်ပြီး သူမက သူ့ကိုနဲနဲတော့လန့်နေသေးတယ်

သူ့မိန်းမကို မြင်နေရက်နဲ့မကြင်ရတဲ့သူ့ဘဝက အခုတော့ မကျေမနပ်ဖြစ်မူ့တွေများနေပြီ

အဲ့တော့ သူလဲ အကြံပေါင်းစုံထုတ်နေရင်း တနေ့မှာအောင်မြင်သွားတော့တယ်

သူ့သားအိပ်နေတဲ့အချိန် သူမတရေးနိုးလာတဲ့အချိန်ကိုတွက်ပြီး လင်းမြတ်လွန်းကိုသူ့အခန်းထဲသွားပြန်ပို့လိုက်တယ်

"ဘာလုပ်တာလဲ "

"သားလေးကိုသွားပို့တာလေ"

"ဟင်"

သူ ကုတင်ပေါ်ကို အသာတက်သွားပြီး ဘေးတစောင်းလှဲနေတဲ့သူမ ‌ေနာက်မှာဝင်လှဲလိုက်ကာသူမခါးလေးကိုဖက်လိုက်တယ်

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniМесто, где живут истории. Откройте их для себя