အပိုင်း(5)

4.2K 83 0
                                    

🌵🍿အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(5)

"ကျွန်တော်မရဘူး"

"သမီးလဲမရဘူး"

သူနဲ့သူမ တစ်ယောက်နဲ့တစ်ယောက် ပြူးပြူးပြဲပြဲလှမ်းကြည့်လိုက်ကြတယ်

စားတော့မလို ဝါးတော့မလိုမျက်နှာပေးနဲ့နှစ်ယောက်သားထသတ်ကြတော့မလိုပဲ

အသင်းခေါင်းဆောင်ကလဲ ခေါင်းကိုက်နေပြီ

"တောသူမ မင်းစကားကြည့်ပြော ဘယ်သူကမင်းနဲ့လုပ်ချင်နေလို့လဲ"

"မြို့ကြီးသားချီးပေ ဘာစကားပြောတာလဲ လုပ်ချင်တယ်ဆိုတာကဘာလဲ နှာဘူးရဲ့ စကားကိုကောင်းကောင်းပြော"

"အော့ ရွံလိုက်တာ ဘာလုပ်ချင်နေလို့လဲ မင်းကိုလုပ်မဲ့အစား ငါငရဲကိုပဲသွားလိုက်မယ် "

"ရှင် မိကောင်းဖခင်သားသမီးဆိုစကားကိုကြည့်ပြောလေ"

"မင်း! ငါ့အမေကိုဘာလို့ဆွဲထည့်ရတာလဲ "

သူတော်တော်ဒေါသထွက်နေပြီ

သူ့ရှေ့ကမိန်းမသာ ယောကျာ်းလေးဆိုကွဲပြဲနေအောင်လို့ဆွဲထိုးပစ်လိုက်ပြီးပြီ

"တော်ပြီ!!!"

အသင်းခေါင်းဆောင်ရဲ့ဖင်ကုန်းအော်လိုက်တဲ့အသံကြားမှပဲ သူစိတ်လျော့ပစ်လိုက်တယ်

ဆုပ်ကိုင်ထားတဲ့လက်သီးဆုပ်တွေကိုလဲဖြေလျှော့လိုက်တယ်

သူမကိုသူခပ်ချဉ်ချဉ်အကြည့်နဲ့ကြည့်ပစ်လိုက်တယ်

သူမရဲ့မျက်ဝန်းထဲက ထိတ်လန့်ရိပ်တွေ့မှ သူ့ရဲ့တင်းကျပ်နေတဲ့ရင်အစုံဟာ အနဲငယ်ဖြေလျှော့သွားသလိုရယ်

"ကဲ ဒီလိုဆိုရင် အလင်းသစ်ရယ် မြကြာပွင့်ရယ်က တတွဲ welcome လုပ်ဖို့ ပန်းတွေသွားဌားတဲ့တာဝန်ကိုယူ "

"ဟမ်! ကျွန်တော် !"

"ရှင်!"

"မပြောတော့နဲ့ မင်းတို့နှစ်ယောက်ပဲသွား မြို့ထဲမှာ နှစ်တိုင်းပန်းစပွန်ဆာပေးတဲ့စတုရီယိုရှိတယ် အဲ့ကိုသွားပြီး စာရင်းထဲကအရေအတွက်အတိုင်‌းပေးအောင်တိုင်ပင်ရုံပဲ မကျရှူံးလာစေနဲ့ ဒီတနှစ်ပန်းအရေအတွက်ကမနှစ်ကထက်အနဲငယ်ပိုတယ် သူတို့သဘောတူအောင်လုပ်ရမယ် အဲ့လိုဆုံးဖြတ်လိုက်ပြီ"

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniTahanan ng mga kuwento. Tumuklas ngayon