အပိုင်း (15)

3.1K 61 0
                                    

🍿🍷အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(15)

တကယ်ကြီးပြောင်းလဲသွားတဲ့ အလင်းသစ်ပါပဲ

"ကိုယ့်ကိုဒီနေရာလေးပေးလို့ရလားဟင်"

ဆွဲဆောင်မူ့ရှိပြီးတိုးရှတဲ့လေသံရဲ့အဆုံးမှာ အမျိုးသမီးလေးက ဘာမှမတတ်နိုင်ပဲဖယ်ပေးလိုက်ရတော့တယ်

"ဘာလာရှုပ်ပြန်တာလဲ"

သိမ်မွေ့လွန်းရဲ့မာဆတ်ဆတ်ဟောက်သံကြောင့် အလင်းသစ်တချက်တွန့်သွားပေမဲ့ သူအပြုံးမပျက်သေး

"မင်းကိုတွေ့ချင်လို့ပေါ့"

အံဩတကြီးနဲ့ချက်ချင်းလှည့်ကြည့်လာတဲ့သူမကို သူရဲ့မူပိုင်အပြုံးလေးတခုနဲ့နှုတ်ဆက်လိုက်တယ်

သွားစွယ်လေးတွေနဲ့ပါးချိုင့်ပါတဲ့အပြုံး

ကြွေစမ်း

ကြွေလိုက်စမ်း

"ရူးသွားတာတော့မဟုတ်ဘူးမလား"

"ဟင်အင့် ကိုယ်မရူးပါဘူး"

"တော်သေးတာပေါ့ ငါကနင့်ကိုဂေါက်သွားပြီမှတ်နေတာ"

"ဟမ်"

သူဘာဆက်ပြောလိုက်ရမှန်းမသိ
အဲ့အချိန်ဆရာမဝင်လာတာနဲ့အကိုက်ဖြစ်သွားလို့တော်သေး

သူခုမှ သတိထားမိတယ် သူမရဲ့လက်ဆစ်လေးတွေကသေးသေးသေးလေးပဲ ပြီးတော့ အကြောတွေယှက်လို့ဖြူစွတ်နေတယ်

စာရေးလိုက်တိုင်းပေါ်လာတဲ့အနီရောင်အဆစ်လေးတွေဟာကုန်းကိုက်ချင်စရာ

ပြီးတော့ သူမလက်ရေး

သေးသေးလေး‌နဲ့ချွန်ချွန်လေး

ီညီညီညာညာရေးထားပုံကကွန်ပျူတာထဲကထွက်လာတဲ့ Fontအသေးစားလေးတွေလို

ဖိရေးလို့မဲနက်နေတဲ့အဲ့လက်ရေးလေးဟာ မိတ္တူစက်ထဲကကာဗွန်အပြည့်အဝရလာတဲ့အလားမှိန်သွားတာလုံးဝမရှိဘူး

သူမက မျက်နှာသာမလှတာ ကျန်တဲ့အစိတ်အပိုင်းတွေကတော့အရမ်းကိုချစ်စရာကောင်းနေရောပဲ

ဥပမာ မျက်ဝန်းလေး

ချွန်နေတဲ့နှာခေါင်းလေး ပြီးတော့ သူနမ်းဖူးတဲ့ စိုအိအိနှုတ်ခမ်းလေး

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDove le storie prendono vita. Scoprilo ora