18.zgi

213 6 0
                                    

(I'm drowning in love) 

အပိုင်း(18)

အလင်းသစ် ရေချိုးခန်းထဲကထွက်လာတော့

သူမ မရှိတော့ဘူး

အထီးကျန်ဖွယ်ကောင်းတဲ့အခန်းလေးကိုလှည့်ပတ်ကြည့်လိုက်ရင်း

သူ့ရဲ့နာကျင်နေတဲ့ နှလုံးသားလေးက သေဆုံးလုနီးပါး ဖြစ်သွားခဲ့တယ်

အင်းပေါ့လေ

သူရဲ့မျက်နှာဖုံးအောက်က ဝံပုလွေလို ကောက်ကျစ်တဲ့ ရက်စက်တဲ့ သနားမှုမရှိတဲ့ မျက်နှာကို တွေ့သွားခဲ့ပြီကိုး

သူငုတ်တုတ်ထိုင်လိုက်တယ်

နေမကုန်‌သေးတဲ့ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တယ်

အခုနေသူမ ဘယ်မှာများလဲ?

မနက်ခင်းရဲ့နေရောင်ခြည်က သူရဲ့ဗလာကျင်း ခန္ဒာကိုယ်ပေါ် ကျရောက်လို့နေတယ်

ရေစိုနေတဲ့ဆံနွယ်များက ရေစက်များဟာလဲ သန်မာကျစ်လစ်တဲ့ရင်အုပ်ပေါ်ကို တစက်စက်စီးကျလို့နေတယ်

ရေချိုးခန်းတာဝါ သေးသေးလေးကိုသာပတ်ထားတဲ့ အလင်းသစ်ဟာ ကုတင်ပေါ်ကို ထိုင်နေပြီး ရှည်လျားတဲ့ခြေထောက်များကတော့ ကြမ်းပြင်ကို ထိလို့နေတယ်

လျော့တိလျော့ရဲ  နေနေတဲ့ သူ့ပုံစံက သစ်ပင်ထက်မှ ပျင်းရိပျင်းတွဲ ကြွေဆင်းလာတဲ့ သစ်ရွက်တရွက်ပမာ

"အားးးး နင်ဘာလို့အကျီ်မဝတ်ထားတာလည်း ဖျားချင်နေတာလား ဒါမှမဟုတ် ရူးနေတာလား"

သူလှည့်ကြည့်လိုက်တော့ တံခါးဝမှာ ဆေးထုပ်လေးကိုင်လျှက်ရှိနေတဲ့သူမကို တွေ့လိုက်ရတယ်

သူ့ရဲ့ခြောက်ကပ်နေတဲ့လည်ချောင်းက  ဩရှရှ စကားသံလေးက အတင်းရုန်းကန်ကာ ထွက်လာခဲ့တယ်

"မင်းပြန်သွားပြီ မဟုတ်ဖူးလား"

" ဟင့်အင်း ငါနင့်အတွက် ဆေးသွားဝယ်နေတာ နင့်လက်က ယောင်ကိုင်းနေပြီ ဆေးသာမထည့်ရင် မနက်ဖြန် လက်ဆန့်လို့ရနိုင်ပါဦးမလား
သွားး အင်ကျီ်သွားဝတ် ပြီးရင်ဆေးထည့်ပေးမယ် "

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora