🌴🍿အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)အပိုင်း(2)
သူ့ကားကိုပါကင်တင်လိုက်တယ်
ပြီးတာနဲ့ လော့ပိတ်ကာ အပြင်ထွက်လိုက်တယ်
လွယ်အိတ်ကိုပခုံးတဖက်မှာချိတ်ရင်း လူကသွက်သွက်လက်လက်နဲ့လျှောက်လှမ်းလာတော့ ပျိုမေတွေက သူဘယ်လောက်ချောကြောင်း ဒီတနှစ်ရဲ့king ဖြစ်နိုင်ကြောင်း ပြောဆိုနေတာတွေကိုလဲသူကြားရတယ်
သူဆိုတာကအဲ့လိုမျိုး ချောလို့မာနကြီးပြီးတည်တင်းမနေဘူး
ဖော်ဖော်ရွေရွေနဲ့လောကကြီးကိုမျှမျှတတပဲဆက်ဆံတယ်
အခုလဲ သူ့ရဲ့ပါးချိုင့်နဲ့ပါးပေါက်လေးက မျက်နှာမှာခန့်ညားစွာထွက်ပေါ်နေတယ်
မတည်မတင်းမျက်နှာလေးနဲ့ မျက်ဝန်းတို့ထဲမှာကြယ်စုံတဲ့ညကောင်းကင်တခုလုံးရှိနေသလိုမျိုးပဲ
အမျိုးသမီးငယ်လေးတွေဟာ သူ့မျက်နှာ သူ့အပြုံးနဲ့ သူ့ရဲ့ေမာ်ဒယ်လိုစမတ်ကျကျပြည့်စုံလှတဲ့ကိုယ်ကိုရော ကျရှုံးသွားကြလေရဲ့
ဒါကတော့ သဘာဝပဲ
သူကိုယ်၌ကိုကဆွဲဆောင်လွန်းအားကြီးနေတော့လဲ ဘယ်လိုလုပ်လုပ် ဘယ်သွားသွား စန်းပွင့်ပြီး သာယာနေတော့တာ
သူကစီးပွားရေးယူထားတာ အဲ့မေဂျာက ကျောင်းရဲ့အနောက်ဘက်ခြမ်းမှာရှိတယ်
ရောင်စုံခြယ်တဲ့ပန်းလေးတွေလိုပျပနး်ခတ်လှုပ်ရှားနေကြတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ ဒီနေရာမှာတော့ ပိုများတယ်
"အင့် "
"ဘုန်းးးးး"
ခန္ဒာကိုယ်နှစ်ခုတိုက်မိတာက သိပ်တော့မလွယ်ဘူး
အရှိန်ပါတာမို့နှစ်ယောက်လုံးလှဲသွားကြတာဗိုင်းခနဲ
"လူတစ်ယောက်လုံးလာတာကိုမမြင်ဘူးလားကွ"
"ရှင်က ဖနောင့်သံဆူးနေသလိုလျှေုာက်လာလို့ မမြင်တာလေ ဘယ်သူ့ကိုလာပြောနေတာလဲ"
ခပ်စူးစူးအသံကြောင့် သူကြည့်လိုက်တော့ သူ့ရှေ့မှာလဲ မိန်းကလေးတယောက်ကဖင်ထိုင်ရက်လဲနေပြီး သူ့ကိုစူးစူးဝါးဝါးကြည့်နေတယ်
ŞİMDİ OKUDUĞUN
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romantizmအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...