🍷🍿🍷အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)အပိုင်း(16)
သူ လေလေးချွန်ပြီးကျောင်းထဲဝင်လာတာ
ကောင်မလေးတွေလှမ်းငေးနေတဲ့သူ့ကိုယ်သူဂုဏ်ပြုရင်း စိတ်ထဲမှာ မီးရှူးမ္းပန်းတွေတောင်ဖောက်နေလိုက်သေး
ခြေလှမ်းတို့က သူမဆီရောက်ဖို့ရာမစောင့်နိုင်ဖြစ်နေပြီး ဘာမှမဟုတ်ပဲပြုံးလို့နေမိတယ်
"ဟျောင့် သားကြီး "
"ဘာလဲ"
သူ့ကိုတရားဝင်စကားလာပြောရဲတဲ့သူ့ရဲ့တဦးတည်းသောသူငယ်ချင်း အာကာသွင်က ပခုံးလာဖက်ကာ စကားဆိုလာတယ်
"အဲ့ကြာပန်းမကိုတကယ်ကြီးလိုက်နေတာလား"
"အွန်း"
"Why? ဘာလို့လဲ ? မင်းပြောတော့ချစ်သူမဖြစ်ချင်ဘူးဆို"
"အခုဖြစ်ချင်သွားပြီလေ...ငါက ဒူးရင်းသီးမဟုတ်ပဲပန်းသီးလေးပါဆိုတာကိုမှော်ဆန်ဆန်သိစေချင်လို့"
"ဟားဟားဟား မင်းကဒူးရင်းသီးပေါ့လေ ဟားဟား တသက်လုံး ဘဝင်မြင့်ပြီးမိုးပေါ်တက်နေလာတဲ့ကောင်က ဘာတဲ့သူ့ကိုယ်သူဒူးရင်းသီးဆိုပဲ ဟားဟားဟား "
အာကာတယောက်ပြောရင်းမှ အသံတိတ်နေတဲ့သူ့သူငယ်ချင်းကိုလှမ်းကြည့်လိုက်ပေမဲ့
အဲ့ကောင်ကမရှိတော့ဘူး
" အမ်? "
ပတ်ဝန်းကျင်ကိုဝေ့ဝဲရှာလိုက်တော့ တနေရာရာကို တရှိန်ထိုးပြေးနေတဲ့ အလင်းသစ်ကိုတွေ့လိုက်ရတယ်
သူလဲဘုမသိဘမသိ လိုက်ပြေးလိုက်ရင်း
"ဟျောင့် အလင်း မင်းဘယ်ပြေး ........"
အဲ့ကောင်ပြေးနေတဲ့နေရာမှာ ရုပ်ဆိုးမလေးကို လူဆိုးတစ်ယောက်ကဆွဲလားရမ်းလားလုပ်နေတဲ့ရုပ်ရှင်ဇတ်ဝင်မြင်ကွင်းမျိုးမြင်လိုက်ရတယ်
"အို့အို အလင်းနဲ့တွေ့ပါပြီ "
အလင်းကိုသူကြောက်တယ်
ဘာလို့ဆို အဲ့ကောင်ဒေါသထွက်ရင်ကြောက်စရာကြီး
သူ့ကို ခွေးရူးလိုတောင်နာမည်ပေးထားတာ
BẠN ĐANG ĐỌC
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Lãng mạnအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...