အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)အပိုင်း(28)
"ဖြန်းးးးးးးးးး"
ကျယ်လောင်တဲ့အသားချင်းထိခတ်သံက ကလပ်ရဲ့အပေါ်ထပ် အလုံခန်းထဲကနေ ပေါ်ထွက်လာခဲ့တယ်
"ခွေးမ "
သူမဘာမှမပြောရဲခဲ့ဘူး
ဗလတောင့်တောင့်နဲ့အပေါက်ဝမှာရပ်နေတဲ့သက်တော်စောင့်တွေရယ်
သူမကို မီးတောက်နေတဲ့မျက်လုံးများနဲ့ကြည့်နေတဲ့ လုပ်ငန်းရှင်သူဌေးသားငါးယောက်ရယ်
မန်နေဂျာရယ်
သူမဖြစ်တည်မူ့က အရမ်းသေးငယ်သွားခဲ့တယ်
"မင်းလုပ်လို့ ငါ့ရဲ့ေဖာက်သည်စိတ်ထိခိုက်သွားခဲ့ပြီ အဲ့ဒါကိုဘယ်လိုအလျော်ပေးမှာလဲ"
"ဒါပေမဲ့......"
သူမလဲစိတ်ထိခိုက်နေတာပဲလေ
သူမကိုကျတော့ ဘယ်သူကတာဝန်ယူပေးမှာတဲ့လဲ
ပူထူနေတဲ့သူမရဲ့ပါးတဖက်ကိုတောင်မပွတ်ရဲဘူး
မျက်လွှာချထားပေမဲ့ သူမရဲ့မျက်ဝောာင်တို့တုန်နေကာ လက်များကိုတခုနဲ့တခုထပ်ကာလိမ်နေလေတယ်
"ကောင်းပြီ မင်းကလဲတမင်လုပ်တာမဟုတ်ဘူးဆိုတော့ အခွင့်အရေးတခုပေးမယ် ဒီကလူကြီးမင်းငါးယောက်နဲ့တရက်နေပေးရမယ်ဘယ်လိုလဲ"
နောက်ဆုံးတော့
ဒါပါပဲ
သူမရဲ့မှားကွက်ကိုနင်းပြီး အမြတ်ထုတ်ချင်တာက ဘာသဘောလဲဆိုတာသူမသေချာသိတယ်
အားနည်းသူကိုအနိုင်ကျင့်တာပဲ
သိနေပေမဲ့လဲ သူမက ဘာတတ်နိုင်မှာတဲ့လဲ
"ဟုတ်ကဲ့"
သူမ မျက်ရည်တို့မကျအောင်နှုတ်ခမ်းကိုက်ထားလေတယ်
"ပြိးရင်ထွက်သွားတော့ ငါတို့လှုပ်ရှားတော့မယ်"
သူမ ထိတ်လန့်သွားတယ်
"အခုလားဟင်?"
မန်နေဂျာကိုမောင်းထုတ်တဲ့သူဌေးတစ်ယောက်က သူမကိုကြည့်ကာ လျှာသပ်လိုက်တယ်
YOU ARE READING
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...