23.zgi

215 6 0
                                    

(I'm drowning in love)

အပိုင်း (23)

အဲ့နေ့

သူမရဲ့ဘဝ

သူမရဲ့အနာဂတ်

သူမရဲ့အိမ်မက်တွေအားလုံးဆုံးရှုံးခဲ့ရပါတယ်

ဒါပေမဲ့ သူမ နောင်တမရခဲ့ပါ

ဒါကငရဲတွင်းဆိုရင်တောင် သူမကိုယ်တိုင်က လိုလိုလားလား ခုန်ဆင်းခဲ့တာမို့လို့ပါ

"ဒီတယောက်လား"

"ဟုတ်ပါတယ်ဆရာ"

"မဆိုးဘူးဒီတခေါက်မင်းလုပ်တာတော်တယ် မင်းအတွက်ဘောနပ်ငါးသိန်းထည့်ပေးလိုက်မယ်"

သူမရှေ့က လူကိုကြည့်ရင်း စိတ်ထဲမတရားသလိုခံစားလိုက်ရတယ်

သူမရဲ့အပျိုစင်ပန်းလေးကိုရောင်းတာဆယ့်ငါးသိန်းနဲ့

အဲ့ဒါ သူမကိုချိတ်ပေးတဲ့ ခေါင်းကို ငါးသိန်းပေးမယ်

အခုလဲ ဘောနပ်ငါးသိန်းရပြန်ပြီ

သူမတဘဝလုံးကိုချရောင်းလိုက်တာတောင်မှ ဘေးနားကဘာမဟုတ်တဲ့သူနဲ့တန်းတူပါပဲလား

ဘယ်လောက်တောင်နှမြောဖို့ကောင်းလိုက်လဲ

အဲ့လိုဆိုပေမဲ့လဲ သူမ ဘာအထွန့်မှမတက်ရဲခဲ့ပါ

အရေးပေါ်ဖြေရှင်းရမဲ့ကိစ္စ‌တွေကို တညတာ ရောင်းချမူ့နဲ့ဖြေရှင်းနိုင်တယ်ဆိုတော့ တော်ပါသေးရဲ့လို့ပဲတွေးမိတယ်

"မင်း ! သွား ရေသွားချိုးချည် မာလူး သူမကိုရေချိုးပေးလိုက် "

"ဟုတ်ကဲ့ပါဆရာ"

လူချမ်းသာများရဲ့စိတ်ဖြေနည်းက တခုတော့ မနာလိုစရာကောင်းတယ်

ပိုက်ဆံရှိနေလေတော့ လူဆင်းရဲတွေဟာ အောက်မှာပြားပိနေရုံအပြင်တခြားမလုပ်နိုင်ပေ

အဲ့နေ့က သူမရဲ့ ရှင်သန်လာတဲ့ဘဝတလျောက်လုံးက ချေး(ဂျီး)တွေပြောင်စင်သွားသလားမှတ်ရအောင် အကြိမ်ကြိမ်အပြုတ်ခံလိုက်ရတယ်လေ

သူမရဲ့နားမလည်တဲ့မျက်ဝန်းတွေကိုမြင်တော့ မာလူးဆိုတဲ့ကုလားအမျိုးသမီးကပြောလေတယ်

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniOù les histoires vivent. Découvrez maintenant