1.zgi

1.9K 16 2
                                    

(I'm drowning in love)

အပိုင်း(1)

ကျေိးငှက်တို့သီတဲ့မနက်ခင်း

စိမ်းလန်းတဲ့ပတ်ဝန်းကျင်

နေရောက်ခြည်ဖြာကျနေတဲ့အခန်းငယ်

အားလုံးက လှပပြီးကျက်သရေရှိနေလေတယ်

ရှုပ်ပွနေတဲ့အခန်းလေးထဲမှာ စုပုံနေတဲ့အဝတ်တွေ ရှုပ်ပွနေတဲ့စက္ကူတွေ ဟိုတခုသည်တခုပျံ့ကျဲနေတဲ့ စာရွက်စာတမ်းတွေရယ် နရံပေါ်မှာ ကပ်ထားတဲ့ဘောလုံးသမားပိုစတာတွေရယ်

တချက်ကြည့်လိုက်တာနဲ့ ယောကျာ်းလေးအခန်းဆိုတာကိုသိနိုင်တယ်

ဟုတ်ပါတယ် အိပ်ရာပေါ်မှာ ဆန့်ဆန့်ကြီးအိပ်ပျော်နေတဲ့ကောင်လေးတ‌ယောက်ရှိ‌နေတယ်

အပေါ်ပိုင်းဗလာ အောက်ပိုင်းကတော့ kalvinတံဆိပ်အောက်ခံ ဘောင်းဘီကိုဝတ်ထားပြီး စောင်ကတော့ ယောကျာ်းသားတို့ထုံးစံအတိုင်း ကုတင်အောက်မှာပေါ့

မှေးမှိတ်နေတဲ့မျက်ဝန်းတို့ကိုသေချာမမြင်ရပေမဲ့လဲ စိုလက်တဲ့အသား ထူထဲတဲ့မျက်ခုံးတို့ကြောင့် လူချောတယောက်မှန်းသိရတယ်

တိရိတဲ့နှုတ်ခမ်းဟာနှစ်ခွဖြစ်ပြီး အိပ်ပျော်နေတာတောင်မှ ပါးမှာထင်နေတဲ့ပါးချိုင့်လေးကိုအထင်းသားမြင်နေရတယ်

ကိုလူချောဟာ တခူးခူး တခေါခေါအိပ်စက်နေလိုက်တာ သရေတွေတောင်မှစီးယိုကျလို့နေတယ်

နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာပေါ့

သူ့အိမ်မက်ထဲမှာ နတ်သမီးအယောက်တရာလောက်နဲ့များတွဲကနေဦးမလားဆိုတာကဘယ်သူသိမှာတဲ့လဲ

တွဲကတာ ?

ဟွန့် မဖြစ်နိုင်တာ

အရွယ်ရောက်ပြီးစ မြီးကောင်ပေါက်လူပျိုတယောက်အနေနဲ့ သူ့အိမ်မက်က
တွဲကတယ်ဆိုတဲ့အဆင့်ထက်တော့ပိုသင့်တယ်လေ

ဟုတ်‌တာပေါ့

သေချာတာပေါ့

အိမ်မက်ကမ္ဘာထဲအလည်ရောက်နေတဲ့ကောင်ချောလေးက

နတ်သမီးလေးတယောက်ရဲ့အင်္ကျီကိုချွတ်ဖို့ကြိုးစားနေတာ

ဒါပေမဲ့လဲ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now