အပိုင်း(25)

3.3K 65 0
                                    

အချစ်မှနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(25)

အဲ့နေ့က သူမဆီသူရောက်လာတော့

သူမလိပ်ပြာလွင့်လုနီးပါးပဲ

သူမကိုယ်သူမ ဖော်ထုတ်မိသွားတာလားလို့တွေးရင်း  ကြောက်ခဲ့တယ်

ဒါပေမဲ့ တကယ်တမ်းက သူဟာလဲ တခြားယောကျာ်းတွေလို သူမရဲ့အသွေးအသားကိုလာစားကြတာပါပဲ

သူက ဒီလိလူမျိုးဆိုတာ သူမသိလိုက်ရတော့ မယုံနိုင်ခဲ့ဘူး

နောက်ဆုံးတော့ သူမပြောတဲ့သန့်ရှင်းတဲ့ပြင်ပလောကဆိုတာတကယ်မှမရှိခဲ့တာကိုး

လူအားလုံးက စိတ်ယုတ်စိတ်ပုတ်တွေကို အပြုံးချိုချိုမျက်နှာဖုံး‌အောက်မှာဖုံးကွယ်ထားရင်းရှင်သန်နေကြတာပါလားလို့ သ‌ဘောပေါက်သွားတော့တယ်

သူလဲထိုနည်းလည်းကောင်းပါပဲ

သူမထင်မြင်ထားတဲ့သူ့ရဲ့ဖြူစင်မူ့ဆိုတာ တကယ်တော့ အစထဲကမရှိခဲ့တာလေ

သူမကပဲ ထင်ယောင်ထင်မှားနဲ့တစ်ယောက်ထဲတွေးနေမိတာ

သူက သူမကိုစိတ်ပျက်စေတယ်

သူမနှလုံးသားထဲက သူ့ပုံရိပ်ကထိခိုက်သွားတယ်

သူမယုံကြည်ထားတဲ့အရာတခုကကျိုးပျက်သွားတယ်

ဒါပေမဲ့လဲ သူမဘဝမှာ အစုတ်အပြက်တွေချည်းစုံပုံနေတာကို

တခုလေးတိုးလာရုံနဲ့ ဘာမှထူးခြားမသွားဘူးပေါ့လေ

အဲ့လိုတွေးခဲ့မိပေမဲ့ သူရဲ့ပထမဆုံးဆိုတဲ့အတွေ့အကြုံမှာသူမပါဝင်ခဲ့တဲ့အတွက်သူမစိတ်ကျေနပ်ခဲ့တယ်

ပြီးတော့ ကြည်နူးခဲ့တယ်

ပြီးတော့ သူ့ကိုချစ်‌ေနဆဲဆိုတာကိုလဲမငြင်းနိုင်ခဲ့ဘူး

သူ့ရဲ့အကျည်းတန်တဲ့အမှောင်ဘက်ခြမ်းကိုမြင်လိုက်ရတာတောင် သူမက သူ့ကိုချစ်နေဆဲပဲတဲ့

အိုး
သူမရူးသွားတာလား

အချစ်မှာကျရှုံးသွားတာလား

သူ့ဆီမှာကျရှုံးသွားတာလား

သူမလဲရေရေရာရာမသိတော့ပါဘူး

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora