(I 'm drawning in love)အပိုင်း(24)
တနေ့တော့ ယောကျာ်းတယောက်က သူမဘဝထဲအတင်း
တိုးဝင်လာခဲ့ပါတယ်သူ့နာမည်က အလင်းသစ်တဲ့
ချောတယ် ခန့်တယ် ပါးချိုင့်လေးနဲ့တချိန်လုံးပြုံးနေတတ်တယ်
နှုတ်ခမ်းတွေကပြုံးနေပေမဲ့ မျက်ဝန်းကတော့ အေးစက်နေလေတယ်
သွားစွယ်လေးတွေနဲ့ စတိုင်မိမိုက်နေရောပဲ
သူမ လူအများကြီးမြင်ဖူးတယ်
သူကတော့ သက်ရှိနတ်ဘုရားတပါးလောကကိုကြွမြန်းလာသလိုခံစားချက်မျိုးခံစားရတယ်
ဘယ်နေရာသွားသွားအရှိန်အဝါတောက်ပနေပြီး လူအားလုံးက သူ့ကိုခစားနေသလိုပဲ
သူ့ကိုရှိန်ကြတယ်
အမြဲပြုံးနေပေမဲ့လဲ သီးသန့်နေတတ်တာကြောင့် နတ်ဘုရားတပါးလိုပဲ အမြဲထင်ရှားနေတတ်တယ်
ဘယ်အရာမှမကပ်ညှိနိုင်တဲ့ရှင်းသန့်ကင်းစင်တဲ့နတ်ဘုရားတပါးလိုပဲ အမှောင်နဲ့ဝေးကွာလွန်းလှပါတယ်
ဒါပေမဲ့လဲ သူမကလူသားမို့ ချစ်တတ်တယ်
မုန်းတတ်တယ်
ခံစားတတ်ပါတယ်
သို့သော်လည်း
သူမလိုလူစားမျိုးက အချစ်ဆိုသောအရာအား မမျှော်လင့်ပဲဖိတ်ခေါ်ခဲ့မိတယ်တဲ့
အဲ့ဒါကလဲ သက်ရှိနတ်ဘုရားတပါးကိုမှ သူမနှလုံးအိမ်မှာ အမြစ်တွယ်ခွင့်ပေးခဲ့မိသတဲ့လေ
အဲ့လိုနဲ့
သူမက
သူ့အစွယ်လေးတွေရဲ့ပိုင်ရှင်ဖြစ်ချင်တယ်
သူ့အကြည့်လေးတွေရဲ့ဦးတည်ရာဖြစ်ချင်တယ်
သူ့အပြုံးတွေရဲ့အဆုံးသတ်ရာနိဗ္ဗာန်ဘုံ paradise လေးဖြစ်ချင်တယ်
သူမတစ်ယောက်ထဲရဲ့နတ်ဘုရားဖြစ်လာစေချင်တယ်
ငရဲသားလိုသူမက သူနဲ့မထိုက်တန်
သူ့ရှင်သန်ရာလမ်းစဉ်နဲ့ နဲနဲမှ
မဆိုင်သူမက ဘဝအတွက် နေ့လည်ဆိုကျောင်းတက်ပြီး ညဘက်ဆိုအလုပ်လုပ်ရတယ်
YOU ARE READING
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...