19.zgi

203 6 0
                                    

(I'm drowning in love)

အပိုင်း(19)

"နင်ဘယ်တော့ငါ့ကိုပြန်လိုက်ပို့မှာလဲ "

"မနက်ဖြန်"

သူမရဲ့အမေးကို သူဘောက်ဆတ်ဆတ်ပြန်ဖြေလိုက်တယ်

"ဘာ! မရဘူး ဒီညပြန်ပို့ပေး"

"မရဘူး မနက်ဖြန်မှပြန်"

"အလင်းသစ်! "

သူမကသူ့ကိုဆောင့်အောင့်အော်ဟစ်လာတယ်

သူမ သူ့ကို မနက်ကအကြောင်းအရာအားလုံးကိုမေ့ပျက်စေနိုင်တာပဲ

သူမကိုပြုံးကြည့်လိုက်ရင်း

"ဘာလဲ"

"ငါအလုပ်ရှိတယ် "

"ဘာအလုပျလဲ ! ငါလဲမသိပါလား"

"သိရအောင် နင်ကငါ့အမေမှမဟုတ်တာ "

အလင်း စိတ်မကျေနပ်မူ့နဲ့

သူမကိုငုံ့ကြည့်လိုက်တယ်

သူမနာမည်ကလွဲပြိး ကျန်တာဘာမှမသိရပါလား

သူမဘယ်မှာနေတာ

သူမဘယ်မှာလုပ်နေတာ

သူမရဲ့ဘဝအခြေအနေဘယ်လိုရှိတာ

သူမကိုစိတ်ဝင်စားတော့မှ သူမအကြောင်းပိုသိချင်လာတယ်

သူမရဲ့ငယ်စဉ်ဘဝကို ဘယ်လို‌ကျော်ဖြတ်လာလဲဆိုတာနားထောင်ချင်တယ်

သူမရဲ့အမှတ်တရတွေကိုနားထောင်ချင်တယ်

အဲ့လိုစကားတွေကို သူတို့အိပ်ယာထဲမှာ အမ်း အဲ့လိုအချိန်မှာနားထောင်ချင်တယ်

သူမျက်ဝန်းတို့တဖြေးဖြေးနက်မှောင်လာခဲ့တယ်

သူမကိုအဓိပ္ပာယ်အပြည့်ပါတဲ့အကြည့်တို့နဲ့ကြည့်လိုက်တယ်

"ငါ ငါရေသွားချိုးဦးမယ်"

သူ့ကိုယ်အောက်ပိုင်းကတင်းခနဲဖြစ်သွားတယ်

စကားလေးနဲ့တင် သူထလာပြီ

ဒါပေမဲ့ သူဖျားနေတုန်းမို့

မဖျားရင်လဲ သူမသာငြင်းဆန်ရင် သူဇွတ်မလုပ်ပါဘူး

သူ့အကြည့်ကိုကြောက်လန့်ပြီး ပြေးသွားတဲ့ယုန်ဖြူမလေးကိုကြည့်ပြိး သူအသာရယ်မိတယ်

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniHikayelerin yaşadığı yer. Şimdi keşfedin