34.zgi

218 7 0
                                    

(I'm drowning in love)

အပိုင်း(34)

တောက်ခေါက်ပြီး လှည့်ပြန်သွားတဲ့ အလင်းသစ်ရဲ့နောက်ကျောကိုတစုံတယောက်ကခိုးပြီးကြည့်နေတယိဆိုတာကိုတော့ အလင်းသစ်တယောက်မသိခဲ့ပါဘူး

"အဟင့်ဟင့် အဟင့်ဟင့်"

‌ဒေါသထွက်သွားတဲ့သူ့နောက်ကိုလိုက်ကာဖြေချော့ပေးချင်ပေမဲ့လဲ

သူမမှ အဲ့လိုလုပ်လို့မရတာလေ

ချစ်သူတို့သဘာဝ ထိချင်တယ်

ကိုင်ချင်တယ်

နမ်းချင်တယ်

ပြီးတော့ အတူအိပ်ချင်တယ်

အဲ့ဒါတွေ သူမနားလည်ပါတယ်

သူမလဲ သူနဲ့ အတူ နေချင်တယ် သူ့ကို နမ်းချင်တယ် ပိုင်ဆိုင်ချင်တယ်

ဒါပေမဲ့......

"အဟင့် ဟင့် အဟင့် ဟင့်"

သူမ မျက်နှာကိုလက်ဝါးထဲအုပ်ကာသာ ငိုရှိုက်မိပါတော့တယ်

ဘယ်လိုဝဋ်ကြွေးများပါလဲ

ရှိသမျှဝဋ်ကြွေး ဒီဘဝတင် အကုန်သာကြေအောင် ဆပ်ပါရစေတော့

နံရံသာခြားပေမဲ့ တစ်ယောက်ကတော့ အဝေးကိုကျောခိုင်းသွားပြီး နောက်တယောက်ကတော့ နရံကိုကျောပေးကာ ငုတ်တုတ်လေးငိုနေတယ်

ဘယ်လို ကံကြမ္မာတွေပါလိမ့်

.....

"ဂျာကြီး ကျွန်မ ဒီကထွက်ချင်လို့ပါ "

သူမပြောလိုက်တော့ တရုတ်လူမျိုးဂျာကြီး သူမကို အတည်ပေါက်နဲ့ကြည့်လာတယ်

"ဘာလို့လဲ"

"ရှင်!"

"အကြောင်းပြချက်ပေးလို့ပြောတာ"

"ဆရာသိတဲ့အတိုင်းကျွန်မ HIV positiveဖြစ်နေပြီ အဲ့ဒါ...."

သူမကိုလက်ပြလာတဲ့ဂျာကြီးကြောင့် သူမပြောလက်စ စကားကိုရပ်လိုက်တယ်

"မင်းအတွက် HIV positive ‌ဖြစ်နေတဲ့ဖောက်သည်တွေနဲ့ပဲ ချိတ်ပေးတယ်လေ ပြီးတော့ ဈေးက‌လဲ တစ်နာရီကို နှစ်သောင်းတက်သွားသေးတယ် အခု ဘာဖြစ်ပြန်ပြီလဲ ဘုန်းးးးးး ဒီနေရာကိုဘယ်လိုထင်နေလဲကွ ဟမ် ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ရအောင် မင်းပထွေးလာဖွင့်ထားတဲ့ဈေးမဟုတ်ဘူး ထွက်သွား ! ! ! "

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now