အပိုင်း(17)

3.3K 68 0
                                    

🍷🍿အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(17)

"မင်း!ထိုင်နေ"

သူမကို အိပ်ရာပေါ်ဆောင့်တွန်းပစ်လိုက်တယ်

သူသတိတော့ထားလိုက်တာပေါ့ ကုတင်‌တိုင်နဲ့မထိမိရလေအောင်

ဒါမှမဟုတ် သူမပြန်ပြုတ်မကျရလာလေအောင်

သေချာသတိထားပြီး တွန်းပစ်လိုက်တာ

သူမကတော့ သူတွန်းလိုက်တာနဲ့ပြန်ကန်ထလာတာများအင်အားအပြည့်ပဲ

"အလင်းသစ်!"

"ဘာလဲ အခုတော့ စကားပြောချင်စိတ်ရှိလာပြီလား"

"ရှင်ဘာဖြစ်ချင်နေတာလဲ"

"မင်းကိုစိတ်ဆိုးနေတာလေ မသိသာသေးဘူးလား ဒီထက်ပိုလုပ်ပြရဦးမှာလား"

"ရှင်ရူးနေလား "

"အေး ငါရူးနေတယ် မင်းကြောင့် !မင်းကြောင့်ပဲ ကျေနပ်ပြီလား"

"ကျွန်မနဲ့ဘာဆိုင်လို့လဲ "

"အဲ့ကောင်က ဘယ်သူလဲ မင်းကိုဘာလို့အဲ့လိုလုပ်နေရတာလဲ "

"အဲ့ဒါရှင်နဲ့ဘာဆိုင်လဲ "

"မင်း! "

သူ တကယ် သူမကို စိတ်ရှိလက်ရှိခါရမ်းပစ်လိုက်ချင်တယ်

သူမ တကယ်ခေါင်းမာတယ်

သူအဲ့ဒါကိုအရမ်းစိတ်ဆိုးတယ်

"မိန်းကလေးတယောက်ကိုဆွဲလားရမ်းလာလုပ်နေရင်ပတ်ဝန်းကျင်ကိုအကူအညီမတောင်းတတ်ဘူးလား အဲ့မှာရပ်ကြည့်နေကြတာအများကြီးပဲလေ တစ်ယောက်ယောက်ကိုအကူအညီတောင်းရင်ကူညီကြမှာပဲ မင်းမှာပါးစပ်မပါလို့လား ဟမ် ငါ့ကိုတော့ အရမ်းစွာပြီးအရမ်းပြန်ပက်နေတာလေ အဲ့ဒါတွေကိုအသုံးချပါတော့လား"

သူမသာ အဲ့ကားပေါ်ပါသွားရင်

သူသာ မမြင်ခဲ့ရင်

သူမကိုရောင်းစားလိုက်တာမျိုး ဒါမှမဟုတ် အရှင်လတ်လတ်အသည်းတွေဆွဲထုတ်တာမ‌ျိုး

အဲ့လိုတွေလုပ်ရင် ဘယ်လိုလုပ်ပါ့မလဲ

သူဘယ်လိုလုပ်ရပါ့မလဲ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniHikayelerin yaşadığı yer. Şimdi keşfedin