အပိုင်း(33)

3.2K 69 0
                                    

အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(33)

"မွ"

အလင်းသစ် သူမပါးနုနုလေးကို မြတ်နိုးခြင်းကြီးစွာနဲ့နမ်းရှိုက်လိုက်တယ်

"အာ လူတွေရှေ့မှာကို "

"ဘာဖြစ်လဲ ကိုယ့်ချစ်သူကိုနမ်းတာပဲဟာ "

ဒီနေ့တော့ သိမ်မွေ့လွန်းက အရင်ကလိုလဲ ရုပ်မဆိုး နွဲ့နှောင်းဟန်လိုလဲ ဆက်ဆီမကျအောင်အလည်အလတ်ဝတ်စားထားတယ်

ဆံပင်အိအိလေးတွေကိုချထားပြီး မျက်မှန်ကိုဖယ်ရှားထားတယ်

ရင်ဖုံးခါးတိုလက်ပြတ်အကျင်္ ီလေးကို ပါတိတ်ထဘီလေးနဲ့တွဲဖက်ဝတ်ဆင်ထားတာကြောင့် သူမရဲ့ခါးသေးသေးအသားဖွေးဖွေးလေးက လှုပ်ရှားလိုက်တိုင်းပေါ်နေတော့တာ

သိမ်မွေ့လွန်းရဲ့ကိုယ်ကအရမ်းလှတယ်

‌အရှေ့ကကြည့်တော့ ရင်မို့မို့လေးဗိုက်ချပ်ချပ်လေး

နောက်ကကြည့်တော့ တင်အိအိလေးကမို့ပြီး ကျောပြင်လေးဖြောင့်စင်းလို့

ဘေးတိုက်ကြည့်တော့လဲ အမို့အမောက်အစုံနဲ့ခါးကခပ်တင်းတင်းကိုင်မိရင်တောင်ကျိုးတော့မဲ့ပုံလေးနဲ့

သိမ်မွေ့လွန်းပုံနဲ့ကျတော့ အရမ်းရုပ်ဆိုးလွန်းပြီး ဘာမှပေါ်မနေဘူး

နွဲနှောင်းဟန်လိုပုံလေးကျတော့လဲ ဂါဝန်တွေအဝတ်များလို့ သူမရဲ့အလှတရားက နဲနဲတော့ပိုထင်းလွန်းနေတယ်

ဒီလိုရိုးရိုးလေးပုံနဲ့ကျတော့

ဟိုလူကြည့်သည်လူကြည့်နဲ့ အဲ့အကြည့်ပိုင်ရှင်တွေအားလုံးကို သူစိတ်တိုနေမိပြီ

" လွန်း"

"ဟင်"

‌"နောက်ကျရင် ရုပ်ဆိုးဆိုးပုံတုံးတုံးပဲဝတ်ခဲ့ကွာ ကိုယ့်ချစ်သူအရမ်းလှတာ ကိုယ်တယောက်ထဲပဲသိရင်ရပြီ မဟုတ်ရင် ကိုယ့်ဘေးကောင်တွေရဲ့မျက်လုံးတွေကိုဖောက်ထုတ်မိတော့မယ်"

အားလုံးကို သူမတချက်ခြုံကြည့်လိုက်ပြီးတော့

သူ့ဘက်တိုးကပ်လိုက်ကာ သူ့ပခုံးပေါ်မေးလေးတင်လိုက်ရင်း

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniOpowieści tętniące życiem. Odkryj je teraz