အပိုင်း(10)

3.7K 73 0
                                    

🍿🍷အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(10)

"ဟျောင့် အာကာ ငါတော့ ရုပ်ဆိုးမ ပုံမလာပန်းမလာကိုမှကြွေနေမိပြီနဲ့တူတယ်ကွာ"

"ဘာစကားကြီးလဲ"

အာကာတစ်ယောက် ဖုန်းထဲကဆော့လက်စ ဂိမ်းတောင်သေသွားရလောက်အောင်အလန့်တကြားဖြစ်သွားခဲ့ရတယ်

"ငါလေ....."

သူအကြောင်းစံုပြောပြလိုက်တယ်

"အဖြစ်ကတော့အဲ့လိုပဲကွာ"

"ဟားဟားဟား"

အာကာတယောက်ရယ်ကြောမပြတ်တော့ဘူး

အစကတော့သီးခံနေသေးတာ

နောက်တော့သု့ကိုလှောင်နေတယ်လို့ထင်လာတာနဲ့ သူလိုက်ကန်ပစ်ရော

အဲ့ကောင်က အရယ်မပြတ်ထပြေ‌းနေတယ်

နောက်တော့ သူစိတ်ဆိုးဆိုးနဲ့ထပြန်မယ်ဆိုကာမှ အရယ်ရပ်တော်မူတော့တယ်

"ဖြစ်မှဖြစ်ရလေ အလင်းရယ် အပွဲပွဲနွဲခဲ့သမျှ အခုမှပဲရှုံးတော့တယ်"

"ဘာကိုအပွဲပွဲနွဲတာလဲ ဟျောင့် စကားကြည့်ပြော မင်းပြောတာသူများကြားရင်ငါကရည်းစားများပြီးပွေရှုပ်နေတယ်လို့ထင်ဦးမယ်"

"ဟားဟားဟား မဟုတ်ပါဘူးကွာ မင်းနားကပ်လာတဲ့မိန်းမလှလေးတွေကိုကျတယောက်ပြီးတယောက်ပလစ်ခဲ့အဖက်မလုပ်ခဲ့ပဲနဲ့ အခုကျမှ တိုင်ပတ်နေတယ်တဲ့လား ဂုဏ်ကျလိုက်တာကွာ"

"အေးကွာ မင်းပြောကြည့် အဲ့မိန်းမငါ့ကိုလာဆွဲဆောင်နေတာမဟုတ်လား"

"မင်းဘာသာမင်းကြွေသွားတာနေမှာပါ"

‌"တော်စမ်းကွာ မဟုတ်မဟတ်တွေမပြောစမ်းနဲ့ အကြံလေးဉာဏ်လေးပဲပေးစမ်းပါ "

အာကာ မျက်လုံးပင့်ရပြီ

ဒီကောင်က တကယ်ကြီးလား

"မင်း တကယ်ကြီးလား "

"ငါဘယ်တုနး်းက ဟာသပြောလို့လဲ"

အာကာလဲမတတ်နိုင်

သူကပွေတယ်ရှုပ်တယ်ဆိုပေမဲ့သူ့ကိုချစ်လာအောင်ပဲလုပ်တတ်တာ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now