22.zgi

239 5 0
                                    

(I'm drowning in love)

အပိုင်း(22)

အရာအားလုံးပြီးဆုံးသွားပြီ

သူနဲ့သူမ ပြန်လှည့်ဖို့ရာလမ်းမရှိတော့

သူမက သူ့ကိုမုန်းတယ်

သူကတော့ သူမကိုချစ်တယ်

သို့သော်လည်း

သူ့မာနက သူမကိုလက်မခံနိုင်

သူ့မာနက သူမအောက်မကျို့နိုင်

အထက်စီးနဲ့ဆက်ဆံနိုင်ခဲ့သမျှ အခုတော့ အားလုံးက ကြေကွဲသွားတဲ့ကြက်ဥတလုံးပမာ ဘယ်လိုမှအဖတ်ဆယ်မရခဲ့ပါချေ

သူမရဲ့ခန္ဒာကိုယ်က လူပေါင်းများစွာအသုံးချခဲ့ပြီးသား

အယုတ်စွဆုံး သူတောင်အဲ့သူတွေထဲ တစ်ယောက်အပါပဲမဟုတ်လား

အိပ်ရာထက်မှာ သတိလစ်နေတဲ့သူမကိုကြည့်ရင်း

မသောက်စဖူး ဆေးလိပ်တို့ထုတ်သောက်နေမိတယ်

ပထမအခါတွေကတော့ ချောင်းဆိုးတာပေါ့

နောက်တော့လဲ အဆင်ပြေသွားတော့တာပဲ

သွေးကွက်တို့ဟိုတကွက် သည်တကွက်

ဖြူတဲ့အသားမှာ ခရမ်းညိုရောင်တို့ခြယ်မှုန်းထားပြီး အဖြူလွလွစောင်က သူမကိုအပြည့်မဖုံးထားနိုင်ရှာ

တဝက်တပျက်ပေါ်နေတဲ့ ငှက်ကလေးကတောင် သူမကိုပိုလှစေတယ်

အိတ်ထဲမွေနှောက်ရှာလိုက်တော့ထောင့်နားမှာ ပုံဆွဲစာအုပ်နဲ့ခဲတံကိုတွေ့ရတယ်

ထုတ်လိုက်ပြီး သူ့နှလုံးသားကထွက်နေတဲ့သွေးတို့နဲ့သူမသတိလစ်နေတဲ့ပုံကိုစတင်ခြယ်သတော့တယ်

။။။။။

နေ့ရက်တို့က တည်တည်ငြိမ်ငြိမ်နဲ့ဆက်သွားနေတယ်

အဲ့နေ့ပြီးထဲက အလင်းသစ်နဲ့ သိမ်မွေ့လွန်းတို့ဟာ ထပ်ပြီးမျက်နှာချင်းမဆိုင်ကြတော့ဘူး

အလင်းသစ် တည်ငြိမ်သွားတယ် အပြုံးနဲသွားတယ်

‌ဘယ်မိန်းကလေးနဲ့မှ မရှုပ်တော့ဘူး ဘယ်သူကိုမှလဲမပြုံးပြတော့ဘူး

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now