30.zgi

235 6 0
                                    

(I'm drowning in love)

အပိုင်း(30)

"သမီးက သိမ်မွေ့လွန်းလား "

"ဟုတ်ကဲ့ ဘာကူညီပေးရမလဲအန်တီ"

"စကားခနလောက်ပြောချင်ရုံပါကွယ် အန်တီ့ကိုအချိန်နဲနဲလောက်ပေးပါလား"

"အမ်....."

"ဪ အန်တီက အလင်းသစ်ရဲ့အမေပါ သမီးနဲ့စကားနဲနဲပြောချင်လို့လာရှာတာ အချိန်ရမလား သမီး အန်တီ့ဖက်က စရှာလာရလို့ အားနာလိုက်တာကွယ်"

"ဟို ရပါတယ် အန်တီ "

ပြုံးနေတဲ့အမျိုးသမီးကြီးကိုတွေ့တော့မှ သူဘာကြောင့်သိပ်ချောနေရသလဲဆိုတာကို သူမသိသွားတော့တယ်

ကျက်သရေအဖြာဖြာနဲ့ပြည့်စုံတဲ့အန်တီက သူ့ရဲ့အမေတဲ့လေ

"ဟုတ် "

သူမကို တချိန်လုံးအကဲခတ်နေပုံရတဲ့အမျိုးသမီးကြီးက အနဲငယ်ခမ်းနားတဲ့ကော်ဖီဆိုင်ကို ကားနဲ့ခေါ်သွားခဲ့တယ်

မျက်မှန်တပ်ထားတဲ့သူ့ရဲ့အမေဆိုသူက ချိုတဲ့အပြုံးရှိပြီး ခန့်မှန်းရခက်တယ်

သူမကတော့ ရင်တထိတ်ထိတ်နဲ့ပေါ့

သူမရင်ဖိုနေလွန်းလို့ ရင်ဘတ်ကိုလက်လေးနဲ့ဖိထားရတယ်

ရုပ်ရှင်ဇတ်ဝင်ခန်းတွေထဲကလို

သူမနောက်ကြောင်းနဲ့ပဲကိုင်ပေါက်မလား

ရေနဲ့ပက်လိုက်မလား

ဒါမှမဟုတ် ပိုက်ဆဲအထပ်လိုက်ကြီးကိုများပေးလာမလား

သူမတွေးရင်းနဲ့

ဒူးရောထောက်ခိုင်းမလားလို့ အမျိုးစုံတွေးကြည့်နေပေမဲ့

တချိန်လုံးပြုံးနေတဲ့ ဒီအန်တီနဲ့အဲ့ပုံရိပ်တွေကသိပ်မကိုက်ဘူး

"သမီးဘာသောက်မလဲ "

"ရပါတယ်အန်တီ သမီးစောနကမှ စားလာလို့ပါ"

ဝိတ်တာလေးက ရေခွက်နှစ်ခွက်လာချပေးတယ်

သူမက တခါထဲသောက်ပစ်လိုက်တယ်

ပြီးတော့ မသိမသာနဲ့ အဲ့အန်တီလက်မမှီလောက်တဲ့နေရာမှာထားလိုက်တယ်

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora