အပိုင်း(13)

3K 70 0
                                    

🍷🍷🍿အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(13)

"ဒီနေ့တော့ ကုတင်ပေါ်ပဲသွားကြစို့"

သူ့ရဲ့အပြောကို ဟန်လေးကမျက်ခုံးပင့်ကြည့်တယ်

"ရှင်သူနဲ့အဆင်မပြေတိုင်း ကျွန်မကုတင်ပေါ်တက်တက်လာတာ သူမသိရင် ရှင့်ကိုခွင့်လွှတ်နိုင်လိမ့်မယ်လို့ထင်လား"

အလင်းသစ်အချိန်အတော်ကြာအောင်တွေဝေမိသွားလေရဲ့

သူ့ရဲ့သိက္ခာနဲ့အသွေးအသား ....

သူမအတွက်စောင့်ထိန်းထားရမယ်တဲ့လား

"အဟက်"

သူမကဖြင့်သူ့ကိုတောင်မလိုချင်ပဲနဲ့များ

သူကဘာကိုစောင့်ထိန်းနေရဦးမှာလဲ

"ကုတင်ပေါ်ပဲသွားကြစို့"

နောက်ဆုံးတော့ သူ့ရဲ့တပတ်စာမုန့်ဖိုးအားလုံးဟာ ဟန်လေးရဲ့လက်ထဲပဲရောက်သွားခဲ့တော့တယ်

သူမရဲ့တင်းကျပ်တဲ့တွင်းလေးထဲသူ့အာရုံတွေအားလုံးကိုဝင်စားထားစေလိုက်တယ်

သူမရဲ့နုညံ့တဲ့အသားစိုင်တွေကြားထဲသူ့ဝင်သက်ထွက်သက်တွေအားလုံးပိတ်ပင်ထားလိုက်တယ်

သူ့ရဲ့အင်အားအကုန်လုံးကို သူမဆီရိုက်ခတ်ခံယူစေလိုက်တယ်

အဲ့ဒါမှပဲ သူ သိမ်မွေ့လွန်းဆိုတဲ့မိန်းမကိုမေ့နိုင်သွားတော့တယ်

အဲ့ဒါတောင်မှ တချက်တချက်သတိထရတတ်လို့ သူ့မှာနာကျင်ပင်ပန်းရပြန်တယ်

လေးနာရီကြာလေ့ကျင့်ခန်းအပြီးမှာ ဟန်လေးကတော့သူ့ကိုမှတ်ချက်တခုပေးလာခဲ့လေရဲ့

"အမလေး.....ရှင်နောက်တခါကွျန်မကုတင်ပေါ်တက်ဖို့ကြိုးစားရင်ပိုက်ဆံပိုတောင်းရမယ် ကျွန်မတော့သေတော့မှာပဲ နောက်တခါဆို ရှင့်ဒေါသတွေကိုတခြားနေရာမှာသွားအသုံးချစမ်းပါ အခုတော့ပြန်‌ေတာ့ကျွန်မနားချင်ပြီ"

အလင်းသစ်ပြန်သွားခဲ့တယ်

ဘာမှမပြောပဲ တောင်းပန်တာတခုလေးတောင်မလုပ်ပဲ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now