43.zgi

523 6 0
                                    

(I'm drowning in love)

အပိုင်း(43)

"မေမေ ? "

လင်းမြတ်လွန်းက သူ့အမေကိုတွန့်ဆုတ်စွာခေါ်လိုက်တယ်

အခန်းထဲမှာရှိနေတဲ့ လူကြီး နှစ်ယောက်သားဟာလဲ အသက်ပြင်းပြင်းတောင်မရှူရဲကြဘူး

ကလေးနဲ့ သူ့အမေ ပထမဆုံး ဆုံတွေ့ကြတဲ့အခါ သူမရဲ့ပုံစံက အရမ်းစိမ်းသက်နေတယ်

သူ အံဩသွားပြိး သူ့အမေကိုကြည့်လိုက်တော့ မျက်နှာသိပ်မကောင်းဘူး

သူမက ကုတင်ကိုတဝက်မှီထားကာ ကလေးသေးသေးလေးကို ငေးကြည့်လို့နေတယ်

သူမနားက အမွေရထားတဲ့ မျက်လုံးလေးတွေ နှာခေါင်းလေးတွေနဲ့အတူ သူ့နားက အမွေထားတဲ့ သွားစွယ်လေးတွေ ပါးချိုင့်လေးတွေဟာ အရွယ်မရောက်သေးတာတောင် ပျိုပျိုအိုအိုအရွယ်သုံးပါးကိုစွဲဆောင်နိုင်နေပြီ

သွက်လက်ထက်မြက်ပြီးရွှင်မြူးနေတတ်တဲ့ကလေးက အခုတော့ သူမရှေ့မှာ စိုးရွံ့စွာ ငြိမ်သက်စွာနဲ့သူ့အမေဖြစ်သူကိုစိုက်ကြည့်လို့နေတယ်

တစ်ယောက်နဲ့တစ်ယောက် အကြာကြီးကြည့်နေကြပြီး အတော်ကြာမှ

"ရှင်တို့က? "

".........."

လင်းမြတ်လွန်းကလဲ ငိုတော့မ လိုဖြစ်သွားချိန် သူ့ရုပ်ကလဲ အတော်ပျက်ယွင်းလို့သွားတယ်

သူ ဘာတွေဖြစ်နေမှန်းမသိလို့ သူ့အမေကိုလှမ်းကြည့်မိပြန်တော့

"ဆရာဝန်ပြောသွားတာကတော့ သမီးလေးက သူမရဲ့နာကျင်ရတဲ့မှတ်ဉာဏ်တွေကိုမလိုချင်လို့ သူမဦးနှောက်ထဲမှာသိမ်းဆည်းပစ်လိုက်တာတဲ့ အခု ဘယ်သူ့ကိုမှ သတိမရတော့ဘူးနဲ့တူပါရဲ့"

"..........."

"မေမေ ? မေမေကသားကိုမသိတော့ဘူးလားဟင် သားကိုမလိုချင်တော့ဘူးလားဟင်"

လင်းမြတ်လွန်းရဲ့ သူ့ရဲ့အစွမ်းအထက်ဆုံးအကွက်ကိုထုတ်သုံးလိုက်တယ်

မျက်ရည်လေးကလယ်ကလယ် သနားစရာမျက်နှာလေးနဲ့ဆို ဘယ်သူကမှ သူ့အကွက်ကိုမခံနိုင်ပဲ အလျှော့ပေးကြရတာချည်းပဲလေ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora