11.zgi

211 8 0
                                    

(I 'm  drowning in love )

အပိုင်း(11)

"ငါနင့်ကို......."

သူမရဲ့အကြည့်တို့က စူးရဲနေတယ်

မျက်ဝန်းတို့ကရွှန်းလဲ့နေပြီး နှုတ်ခမ်းဖူးဖူးလေးတို့ကလှပနေလျှက်

Shit!

သူ့ဒူးတွေတုန်ရီနေတယ်
ရင်တွေခုန်နေတယ်

ဆယ်တန်းစာမေးပွဲသွားကြည့်တုန်းကတောင် သူဒီလိုမတည်မငြိမ်မဖြစ်ဘူး

"ငါ ........."

သူ စကားတို့ထစ်လာခဲ့တယ်

ရည်းစားစကား?

ဘုရားစူး သူတခါမှမပြောဖူးဘူး

အခုသူပြောမယ်ဆိုတာကလဲ သူမဆီကတုန့်ပြန်တာကိုလိုချင် လို့မဟုတ်ဘူး

သူမအပေါ်သူတက်မက်မူ့မရှိဘူး

သူမရဲ့အချစ်ကိုလဲသူမလိုချင်ဘူး

နေ့နေ့ညညရူးနေတဲ့သူ့ခံစားချက်တွေပွင့်ထွက်သွားအောင်လို့သာ သူပြောပြချင်ခဲ့တာ

အဲ့ဒါကလဲပြောပြချင်ရုံလေးလေ

သူ့လိုမျိုး ဥစ္စာပေါရုပ်ချော အမျိုးကောင်းသားလေးတယောက်ကို သူမငြင်းရဲမယ်တော့မထင်ဘူး

ဒါပေမဲ့ သူကိုယ်တိုင်ကိုက သူမဆီကအဖြေပြန်မလိုချင်တာပဲ

အစောပိုင်းသူလုပ်ခဲ့သမျှကလဲသူ‌မကြောင့်သူစိတ်လှုပ်ရှားနေတာဟုတ်လားမဟုတ်လားဆိုတာ စမ်းသပ်ချင်ရုံသက်သက်သာ

ငါမင်းကိုစိတ်စားနေတယ်

အဲ့စကားလေးတခွန်းပဲ ဘာများခက်နေလို့လဲ

သူပြောခဲ့သမျှအရာရာထဲမှာဒီဟာကအခက်ဆုံးလိုဖြစ်လို့နေတယ်

ချီးပဲ

ပါးစပ်ကလွယ်လွယ်မထွက်ဘူးဖြစ်နေတယ်

ဘာများခက်တာကျလို့

အဆုံးသတ်ကျတော့လဲ သူမပြောရဲခဲ့ပါဘူး

ခေါင်းငိုက်စိုက်ကျပြီး တပ်ခေါက်ပြန်ခဲ့ရတဲ့သူဟာ သူမဆီကမသတီတဲ့အကြည့်တခုတောင်ရလိုက်သေး

သူကဘာဖြစ်နေလို့လဲ

သူကဘာများအမှားလုပ်ထားတာရှိလို့လဲ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now