အပိုင်း(3)

4.5K 73 0
                                    

🍿🌴အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(3)

"ရုတ်တရက်ဆန်လွန်းတယ်ကွာ ငါမဝင်ရဲဘူးဟ "

"လာစမ်းပါ ယောကျာ်းကောင်းဆိုတာ အကုန်လုပ်ဖူးရတယ် မစွဲလန်းသွားရင်ပြီးတာပဲ ပြီးတော့ ...."

အာကာသွင်က သူ့အနားကပ်လာကာ တိုးတိုးလေးကပ်ပြောတယ်

"မင်းတကယ်ချစ်တဲ့သူအပေါ်မှာ တက်ထွက်ကြီးလုပ်ပြီးစိတ်ကုန်ခိုင်းမလို့လား စဉ်းစားစမ်းပါ"

တက်ထွက်?

ဒီကောင်က သူ့ရဲ့ယောကျာ်းသိက္ခာကိုချနေတာပဲ

"ဟာ အဲ့လိုတော့အဖြစ်မခံနိုင်ပါဘူးကွာ"

"ဒါဆိုလဲ ဘာစောင့်နေတာလဲ သားကြီး ဟျောင့်ချလိုက်တော့ကွာ ငါချိန်းထားပေးတဲ့တယောက်ကအရမ်းလဲလှပြီး ချိန်းရလဲခက်တယ်ကွ တနေ့မှ နှစ်ယောက်ပဲလက်ခံတာဆရာ သန့်သန့်လေး"

"အေးပါ မင်းပဲအပြောကောင်းနေလိုက် "

"လာစမ်းပါကွာ "

အာကာသွင်ဆွဲခေါ်သွားလို့ နောက်ဆုံးတော့ ပန်းရောင်ခန်းစီးလေးကာထားတဲ့အခန်းလေးထဲရောက်လာခဲ့တော့တယ်

အခန်းထဲဟာကျဉ်းတယ် ဒါပေမဲ့ paradiseလိုမျိုးပဲလှပတယ်

အခန်းထောင့်မှာတော့ မိန်းက‌လေးတယောက်က ထိုင်နေလေတယ်

သူအခန်းထဲဝင်လာတာနဲ့

"မင်္ဂလာ.....................ပါ"

မိန်းကလေးကအစကတော့ ပေါ့ပေါ့ပါးပါးနှုတ်ဆက်တာပါပဲ

ဒါပေမဲ့ သူ့မျက်နှာကိုစူးစူးရဲရဲကြီးစိုက်ကြည့်ပြီးတော့မှ နောက်က 'ပါ'ဆိုတာကိုဆက်ပြောတယ်

ဘာလား

သူမတို့တွေအားလုံးရဲ့အမူအကျင့်ကအဲ့လိုပဲထူးဆန်းကြတာလား

ဒါမှမဟုတ်သူကအရမ်းချောနေလို့များလား

အရမ်းချောတဲ့ဧည့်သည်တွေကိုလက်မခံဖူးဘူးနေမှာ

သူ့ရုပ်ရည်အကြောင်းစဉ်းစားလိုက်တော့ သူကိုယ်သုယုံကြည်မူ့ပြန်ရှိသွားတယ်

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now