(I'm drowning in love)အပိုင်း(17)
"မင်း!ထိုင်နေ"
သူမကို အိပ်ရာပေါ်ဆောင့်တွန်းပစ်လိုက်တယ်
သူသတိတော့ထားလိုက်တာပေါ့ ကုတင်တိုင်နဲ့မထိမိရလေအောင်
ဒါမှမဟုတ် သူမပြန်ပြုတ်မကျရလာလေအောင်
သေချာသတိထားပြီး တွန်းပစ်လိုက်တာ
သူမကတော့ သူတွန်းလိုက်တာနဲ့ပြန်ကန်ထလာတာများအင်အားအပြည့်ပဲ
"အလင်းသစ်!"
"ဘာလဲ အခုတော့ စကားပြောချင်စိတ်ရှိလာပြီလား"
"ရှင်ဘာဖြစ်ချင်နေတာလဲ"
"မင်းကိုစိတ်ဆိုးနေတာလေ မသိသာသေးဘူးလား ဒီထက်ပိုလုပ်ပြရဦးမှာလား"
"ရှင်ရူးနေလား "
"အေး ငါရူးနေတယ် မင်းကြောင့် !မင်းကြောင့်ပဲ ကျေနပ်ပြီလား"
"ကျွန်မနဲ့ဘာဆိုင်လို့လဲ "
"အဲ့ကောင်က ဘယ်သူလဲ မင်းကိုဘာလို့အဲ့လိုလုပ်နေရတာလဲ "
"အဲ့ဒါရှင်နဲ့ဘာဆိုင်လဲ "
"မင်း! "
သူ တကယ် သူမကို စိတ်ရှိလက်ရှိခါရမ်းပစ်လိုက်ချင်တယ်
သူမ တကယ်ခေါင်းမာတယ်
သူအဲ့ဒါကိုအရမ်းစိတ်ဆိုးတယ်
"မိန်းကလေးတယောက်ကိုဆွဲလားရမ်းလာလုပ်နေရင်ပတ်ဝန်းကျင်ကိုအကူအညီမတောင်းတတ်ဘူးလား အဲ့မှာရပ်ကြည့်နေကြတာအများကြီးပဲလေ တစ်ယောက်ယောက်ကိုအကူအညီတောင်းရင်ကူညီကြမှာပဲ မင်းမှာပါးစပ်မပါလို့လား ဟမ် ငါ့ကိုတော့ အရမ်းစွာပြီးအရမ်းပြန်ပက်နေတာလေ အဲ့ဒါတွေကိုအသုံးချပါတော့လား"
သူမသာ အဲ့ကားပေါ်ပါသွားရင်
သူသာ မမြင်ခဲ့ရင်
သူမကိုရောင်းစားလိုက်တာမျိုး ဒါမှမဟုတ် အရှင်လတ်လတ်အသည်းတွေဆွဲထုတ်တာမျိုး
အဲ့လိုတွေလုပ်ရင် ဘယ်လိုလုပ်ပါ့မလဲ
သူဘယ်လိုလုပ်ရပါ့မလဲ
ESTÁS LEYENDO
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...