8.zgi

240 7 0
                                    

(I'm drowning in love)

အပိုင်း(8)

ဘာလို့လဲတော့မသိဘူး

သူမနဲ့ဆက်ဆံရတာ တကယ်အဆင်ချောတယ်

ဟာသတွေပြောရင်း စားရင်းသောက်ရင်း သူမနဲ့ဆွေးနွေးတိုင်ပင်ရင်းနဲ့

သူ့စိတ်ထင် ပိုရင်းနှီးလာသလိုရယ်

သူ့ရင်ထဲမှာရှိနေတဲ့ အထုတ်အပိုးကြီးကလဲ  တော်တော် လျှော့ကျသွားခဲ့တယ်

သူမကလှတယ် ကျော့ရှင်းတယ် စကားပြောသိုဝှက်ပေမဲ့တချိန်ထဲမှာလဲပွင့်လင်းတယ်

အကောင်းဆုံးအကြံဉာဏ်ကိုပေးနိုင်တယ်

နှစ်လိုဖွယ်ကောင်းတယ်

တံခါးတွေအထပ်ထပ်ပိတ်ထားတယ်

တခွန်းထဲပြောရရင် စိတ်ဝင်စားဖို့ကောင်းတယ်

ပုရိသတွေကိုဆွဲဆောင်နိုင်တဲ့မိန်းမမျိုးပဲ

သူကတော့ သူမရဲ့ပါဆင်နယ်ကိစ္စတွေကိုမမေးဘူး အတတ်နိုင်ဆုံးရှောင်တယ်

သူတို့နှစ်ယောက်ကြားမှာ ဆွေးနွေးဖို့အကြောင်းအရာတခုချပေးလိုက်ရင် အမျှင်မပြတ်တမ်း‌ဆွေးနွေးနိုင်တယ်

"မင်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ "

ပါးစပ်ကထုတ်ပြောရလောက်အောင် သူမကတကယ်စိတ်ဝင်စားဖို့ကောင်းတာ

"ရှင်ကတော့ အရမ်းကျေနပ်ဖို့ကောင်းတယ်"

"ဗျာ ! ဘာကိုလဲ?"

"ရှင်ကအရမ်းပြုံး‌နေတတ်တာပဲလား "

"ပုံမှန်အားဖြင့်တော့ အဲ့လိုပေါ့ ဒါပေမဲ့ ....."

"အခုလိုအစစ်အမှန်ကတော့ရှားတယ်ပေါ့ ကျွန်မသိချင်တယ် ရှင့်စိတ်ထဲကမပါပဲဘာလို့အမြဲပြုံးနေတာလဲ ရှင့်ကိုစတွေ့တုန်းကအဲ့ဒါကိုသတိထားမိတယ် အခုကြည့်ရတာတော့ ရှင့်စိတ်ထဲကပါလို့ပြုံးနေတဲ့ပုံပါပဲ "

"ဟုတ်သားပဲ အဲ့လိုတကယ်ဖြစ်နေတယ် မင်းကစိတ်ဝင်စားဖို့ကောင်းလို့ဖြစ်မယ်"

သူတို့ခပ်ကြာကြာစကားပြောခဲ့ကြတယ်

အထစ်အငေါ့ တချက်လေးတောင်မရှိဘူး

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now