(I'm drowning in love)အပိုင်း(3)
"ရုတ်တရက်ဆန်လွန်းတယ်ကွာ ငါမဝင်ရဲဘူးဟ "
"လာစမ်းပါ ယောကျာ်းကောင်းဆိုတာ အကုန်လုပ်ဖူးရတယ် မစွဲလန်းသွားရင်ပြီးတာပဲ ပြီးတော့ ...."
အာကာသွင်က သူ့အနားကပ်လာကာ တိုးတိုးလေးကပ်ပြောတယ်
"မင်းတကယ်ချစ်တဲ့သူအပေါ်မှာ တက်ထွက်ကြီးလုပ်ပြီးစိတ်ကုန်ခိုင်းမလို့လား စဉ်းစားစမ်းပါ"
တက်ထွက်?
ဒီကောင်က သူ့ရဲ့ယောကျာ်းသိက္ခာကိုချနေတာပဲ
"ဟာ အဲ့လိုတော့အဖြစ်မခံနိုင်ပါဘူးကွာ"
"ဒါဆိုလဲ ဘာစောင့်နေတာလဲ သားကြီး ဟျောင့်ချလိုက်တော့ကွာ ငါချိန်းထားပေးတဲ့တယောက်ကအရမ်းလဲလှပြီး ချိန်းရလဲခက်တယ်ကွ တနေ့မှ နှစ်ယောက်ပဲလက်ခံတာဆရာ သန့်သန့်လေး"
"အေးပါ မင်းပဲအပြောကောင်းနေလိုက် "
"လာစမ်းပါကွာ "
အာကာသွင်ဆွဲခေါ်သွားလို့ နောက်ဆုံးတော့ ပန်းရောင်ခန်းစီးလေးကာထားတဲ့အခန်းလေးထဲရောက်လာခဲ့တော့တယ်
အခန်းထဲဟာကျဉ်းတယ် ဒါပေမဲ့ paradiseလိုမျိုးပဲလှပတယ်
အခန်းထောင့်မှာတော့ မိန်းကလေးတယောက်က ထိုင်နေလေတယ်
သူအခန်းထဲဝင်လာတာနဲ့
"မင်္ဂလာ.....................ပါ"
မိန်းကလေးကအစကတော့ ပေါ့ပေါ့ပါးပါးနှုတ်ဆက်တာပါပဲ
ဒါပေမဲ့ သူ့မျက်နှာကိုစူးစူးရဲရဲကြီးစိုက်ကြည့်ပြီးတော့မှ နောက်က 'ပါ'ဆိုတာကိုဆက်ပြောတယ်
ဘာလား
သူမတို့တွေအားလုံးရဲ့အမူအကျင့်ကအဲ့လိုပဲထူးဆန်းကြတာလား
ဒါမှမဟုတ်သူကအရမ်းချောနေလို့များလား
အရမ်းချောတဲ့ဧည့်သည်တွေကိုလက်မခံဖူးဘူးနေမှာ
သူ့ရုပ်ရည်အကြောင်းစဉ်းစားလိုက်တော့ သူကိုယ်သုယုံကြည်မူ့ပြန်ရှိသွားတယ်
YOU ARE READING
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...