အပိုင်း(14)

3K 63 0
                                    

🍷🍿အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

အပိုင်း(14 )

"သားနဲ့စကားပြောဖို့လိုပြီ"

သူ့အမေက အခန်းထဲဝင်ဝင်လာချင်းသူ့ကိုပြောတဲ့စကားပဲ

"သားကိုဘယ်သူကပြောင်းလဲပေးလိုက်တာလဲ "

"မဟုတ်ပါဘူးဗျာ အမေကလဲ"

သူ့အမေက ကုတင်ပေါ်မှာ တင်ပါးလွဲဝင်ထိုင်ရင်း

"ငါ့သားရယ် အမေ့ဘဝမှာ သားတစ်ယောက်ထဲကိုပဲ အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတာပါ အမေဘယ်လောက်အလုပ်များများ သားကိုတော့ဂရုစိုက်နေတုန်းပဲလေ အခုရက်ပိုင်းတွေမှာ သားတခုခုမတည်မငြိမ်ဖြစ်နေတာကိုမြင်နေရတယ် အစကတော့ အဆင်ပြေသွားမယ်ထင်လို့ဆက်စောင့်ကြည့်နေတာအခုတော့ ပိုပြီးဆိုးလာလို့ ပြောကြည့်ပါဦး အမေ့သားဘာတွေဖြစ်နေတာလဲ"

တကယ်အားကိုးရတဲ့အမေပါပဲ

အရိပ်အကဲသိပြီး သူ့ကိုလဲဂရုစိုက်လွန်းတဲ့အမေပါ

သိမ်မွေ့လွန်းနဲ့ပတ်သတ်တာတွေအားလုံးကို သူရင်ဖွင့်ဖြစ်သွားတယ်

နွဲ့နှောင်းဟန်အကြောင်းကိုတော့သူစကားလုပ်ပြိးပြောမနေတော့ဘူး

ဘာလို့လဲဆိုတော့ သူငယ်ချင်းတစ်ယောက်ရတဲ့အကြောင်းကိုတော့သူအရေးလုပ်ပြီးတိုင်ပင်မနေချင်လို့ပဲ

"အဲ့တော့ သားရဲ့ပထမဆုံးဖွင့်ပြောတာကိုကျရှုံသွားတယ် သားကအဲ့ဒါကိုမကျေနပ်ဘူး အဲ့မိနး်ကလေးကိုလဲရည်းစားအဖြစ်မလိုချင်ဘူး ဒါ...ပေ...မဲ့ အဲ့မိနး်ကလေးကသားကိုလက်ခံတာကိုတော့လိုချင်တယ် အဲ့လိုလား"

"အဲ့လိုပဲ မေမေပဲစဉ်းစားကြည့် သားကဘယ်နေရာမှာငြင်းစရာရှိနေလို့လဲ"

"အင်း သဘောပေါက်ပြီ ဒါဆိုသားကိုတခုမေးပါဉီးမယ် သားဒူးရင်းသီးကိုကြိုက်လား "

"အာ မကြိုက်ပါဘူးဗျာ နံကနံ ရုပ်ကရုပ်ဆိုးသေး  အဲ့ဒါကိုကြိုက်တဲ့သူတွေဘယ်လိုစားနေလဲဆိုတာတကယ်မသိဘူး နှာခေါင်းမပါကြတဲ့အတိုင်းပဲ"

"ဒါဆို သားမကြိုက်တဲ့အသီးကိုအတင်းလာကျွေးရင်ရော"

"ထိုးပစ်မယ်"

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWo Geschichten leben. Entdecke jetzt