32.zgi

220 6 0
                                    

(I'm drowning in love)

အပိုင်း(32)

"ကိုယ် အိမ်မက်မက်နေတယ်ထင်တာ ကိုယ်အမြင်မှားနေတယ်ပဲထင်တာ တကယ်ကြီးမင်းလားဟင် "

အလင်းသစ် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်သေး

အဲ့နေ့က သူမရဲ့ပုံဟာ တကယ်ကွဲကြေနေခဲ့တာ ပြီးတော့ သူက ပိုက်ဆံတထပ်ကြီးကိုလဲထားခဲ့သေးတယ်

အဆုံးစွန်ထိ ရိုက်ချခဲ့ပြီးမှ အဲ့နေ့ဟာ သူ့အတွက် မရပ်တည်နိုင်လောက်တော့တဲ့အထိ အိမ်မက်ဆိုးအရိပ်ဆိုးဖြစ်လာရတယ်

နေ့တိုင်းက အရိပ်ဆိုးတွေပဲ

ညတွေကတော့ သူ့အတွက်အိမ်မက်ဆိုးတွေကိုပဲသယ်လာခဲ့တယ်

နောင်တ

‌တနေကုန် သူရနေတာက နောင်တတွေပဲ

သူမဘက်ကိုမတွေးပေးပဲ

ထင်ရာစိုင်းခဲ့တာက သူ့အမှားပဲ

သူမနောက်ကြောင်းကို သူတူးဖော်မိတဲ့အခါ သူရင်ကွဲရမတတ်ပိုခံစားရပြန်တယ်

အစထဲက သူပဲမှားခဲ့တာ

ဖုံးကွယ်ထားတဲ့သူမရဲ့အနောက်ကအရိပ်က နွဲ့နှောင်းဟန်ဖြစ်နေပါစေ သူမျက်စိမှိတ်ထားပြီးသူမကိုပဲယုံကြည်ခဲ့ရမှာ

သူအရမ်းရိုင်းစိုင်းခဲ့တာ
သူအရမ်းယုတ်မာခဲ့တာ

သူအရမ်းကိုအောက်ခြေလွတ်နေခဲ့တာပဲ

"ကိုယ်တောင်းပန်ပါတယ် ကိုယ်တောင်းပန်တာကိုလက်ခံပေးပါနော် ကိုယ် အရမ်းမှားသွားခဲ့တယ် ကိုယ်ထင်ရာလုပ်ခဲ့မိတယ် မင်းအပေါ် မတရားခဲ့ဘူး ကိုယ်....ကိုယ့်ကိုခွင့်လွတ်နိုင်မလားဟင် အခွင့်အရေးနောက်တခေါက်လောက်ပေးနိုင်မလား  ကိုယ် ကိုယ် မင်းရဲ့တရားဝင်ချစ်သူဖြစ်ချင်ပါတယ် "

သူရဲ့အက်ရှရှအသံက သူမရဲ့နှလုံးသားထဲ ဖြေညင်းစွာစီးဆင်းသွားခဲ့တယ်

"ကျွန်မက ညငှက်တကောင်ဖြစ်နေရင်ရော"

"ကိုယ်ကယ်တင်ပါ့မယ် မင်းရဲ့အမှောင်ညတွေကို ကိုယ်က အလင်းရောင်ပေးပါမယ် ကိုယ့်ကိုပဲယုံကြည်ပေးရင်ရပြီ"

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora