31.zgi

222 6 0
                                    

(I'm drowning in love)

အပိုင်း(31)

သူမဘဝမှာ အကြောက်ရဆုံးအရာတွေကိုဖြတ်ကျော်ဖူးပြီးသွားပြီလို့ထင်ခဲ့တယ်

ဘာကိုထပ်ပြီးကြောက်စရာမရှိတော့ဘူးပေါ့

တကယ်လဲ ဆိုးဝါးတဲ့အရာတွေချည်းကြုံခဲ့ရတာမို့ သူမသိပ်ပြီးမတုန်လှုပ်ခဲ့တော့တာလေ

ဒါပေမဲ့ သူ့ကိုမြင်လိုက်တဲ့ခန သူမတည်ဆောက်ထားတဲ့ရဲရင့်မူ့တွေပြိုကျသွားပြီး အကြောက်တရားတွေကအလုံးအရင်းနဲ့ဝင်တိုးလာခဲ့တယ်

သူမကြောက်တယ်ဆိုတာ အကင်းလေးပါပဲ

အခုလိုအခြေအနေနဲ့ယှဉ်ရင်ဘာဆိုဘာမှမဟုတ်သေးတာ

ပြတင်းပေါက်ကနေရောင်က သူ့အပေါ်ခစားနေပေမဲ့ အပြင်ကိုငေးကြည့်နေတဲ့ကောင်လေးရဲ့အကြည့်တွေကတော့ ဗလာသက်သက်သာ

အရမ်းချောတဲ့နတ်ဘုရားတပါး အသိစိတ်လွတ်နေသလိုပုံမျိုးနဲ့ တချိန်ထဲမှာပဲမြင်ရသူအပေါင်းကိုနာကျင်စေနိုင်တယ်

သူမတို့နှစ်ယောက်က

ဘယ်လိုကံများပါလဲ

တစ်ယောက်ကနာကျင်မူ့တွေထဲကရုန်းမထွက်နိုင်တဲ့အချိန်မှာ

တစ်ေ‌ယာက်ကတော့ ပြိုလဲနေပြီးအရာအားလုံးဆုံးရှုံးလိုက်ရတယ်

"သမီး ဝင်သွားလိုက်ပါ "

တံခါးဖွင့်ပေးတဲ့အန်တီကို တချက်ပြုံးပြပြီး သူ့အခန်းထဲရောက်သွားခဲ့တော့ အန်တီက အလိုက်တသိတံခါးပိတ်ပေးတယ်

အခန်းလေးက နွေးထွေးတယ်

လူငယ်တယောက်ရဲ့စိတ်ကူးတွေနဲ့ သူ့ရဲ့တည်ငြိမ်တဲ့စရိုက်လိုမျိုး ဆန်းသစ်ပြီး လှပတယ်

ဒီအခန်းကိုဝေ့ကြည့်လိုက်တာနဲ့ လှပတဲ့ယောကျာ်းပျိုတယောက်ရှိတဲ့အခန်းဆိုတာကိုတန်းပြောနိုင်တယ်

သူမတို့ဆုံတွေ့စဉ်ကတက်ကြွမူ့တွေအပြည့်ပဲ အပြုံးတွေကလဲဆွဲဆောင်မူ့တွေနဲ့ ဘယ်သူ့ကမှ သူ့အထက်မှာမရှိတော့တဲ့ဟန် တောက်ပကာလင်းလက်နေခဲ့တာ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniOnde histórias criam vida. Descubra agora