အချစ်မှနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)အပိုင်း(25)
အဲ့နေ့က သူမဆီသူရောက်လာတော့
သူမလိပ်ပြာလွင့်လုနီးပါးပဲ
သူမကိုယ်သူမ ဖော်ထုတ်မိသွားတာလားလို့တွေးရင်း ကြောက်ခဲ့တယ်
ဒါပေမဲ့ တကယ်တမ်းက သူဟာလဲ တခြားယောကျာ်းတွေလို သူမရဲ့အသွေးအသားကိုလာစားကြတာပါပဲ
သူက ဒီလိလူမျိုးဆိုတာ သူမသိလိုက်ရတော့ မယုံနိုင်ခဲ့ဘူး
နောက်ဆုံးတော့ သူမပြောတဲ့သန့်ရှင်းတဲ့ပြင်ပလောကဆိုတာတကယ်မှမရှိခဲ့တာကိုး
လူအားလုံးက စိတ်ယုတ်စိတ်ပုတ်တွေကို အပြုံးချိုချိုမျက်နှာဖုံးအောက်မှာဖုံးကွယ်ထားရင်းရှင်သန်နေကြတာပါလားလို့ သဘောပေါက်သွားတော့တယ်
သူလဲထိုနည်းလည်းကောင်းပါပဲ
သူမထင်မြင်ထားတဲ့သူ့ရဲ့ဖြူစင်မူ့ဆိုတာ တကယ်တော့ အစထဲကမရှိခဲ့တာလေ
သူမကပဲ ထင်ယောင်ထင်မှားနဲ့တစ်ယောက်ထဲတွေးနေမိတာ
သူက သူမကိုစိတ်ပျက်စေတယ်
သူမနှလုံးသားထဲက သူ့ပုံရိပ်ကထိခိုက်သွားတယ်
သူမယုံကြည်ထားတဲ့အရာတခုကကျိုးပျက်သွားတယ်
ဒါပေမဲ့လဲ သူမဘဝမှာ အစုတ်အပြက်တွေချည်းစုံပုံနေတာကို
တခုလေးတိုးလာရုံနဲ့ ဘာမှထူးခြားမသွားဘူးပေါ့လေ
အဲ့လိုတွေးခဲ့မိပေမဲ့ သူရဲ့ပထမဆုံးဆိုတဲ့အတွေ့အကြုံမှာသူမပါဝင်ခဲ့တဲ့အတွက်သူမစိတ်ကျေနပ်ခဲ့တယ်
ပြီးတော့ ကြည်နူးခဲ့တယ်
ပြီးတော့ သူ့ကိုချစ်နေဆဲဆိုတာကိုလဲမငြင်းနိုင်ခဲ့ဘူး
သူ့ရဲ့အကျည်းတန်တဲ့အမှောင်ဘက်ခြမ်းကိုမြင်လိုက်ရတာတောင် သူမက သူ့ကိုချစ်နေဆဲပဲတဲ့
အိုး
သူမရူးသွားတာလားအချစ်မှာကျရှုံးသွားတာလား
သူ့ဆီမှာကျရှုံးသွားတာလား
သူမလဲရေရေရာရာမသိတော့ပါဘူး
ESTÁS LEYENDO
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...