"...'စိမ်းစိုပြေ' မုန့်စျေးလိုက်မှာလား?"
"လိုက်မှာ လိုက်မှာ"
ကလေးလေးသဖွယ် အားတက်သရောပြောလာသည်။
"...'စိမ်းစိုပြေ' လို့ခေါ်နေတာမမောဘူးလား? 'စိုပြေ' လို့ခေါ်"
"ရလားအဲ့လို?၊ ငါက နင်မကြိုက်မှာစိုးလို့"
"ရပါ့ နင့်ကိုကောဘယ်လိုခေါ်ရမလဲ? ပြောလေ"
"သဘောရှိသလိုပေါ့နော်"
"...'ခို' ရေ..."
"အဲ..ဒါတော့မဟုတ်သေးဘူးလေ"
"ဟီးဟီး စ တာ 'ကွန်းခို' ရေ.."
.....
အသင့်စားပါမုန့်လေးကို ကောက်ကိုင်လိုက်သည့် 'စိုပြေ' က 'ကွန်းခို' ဝယ်သမျှ လက်ဖက်သုပ်၊ လက်ဖက်ထမင်းနယ်၊ သင်္ဘောသီးထောင်းနှင့် ပင်လယ်စာမျိုးစုံကို တအံ့တသြငေးကြည့်လာသည်။ 'ကွန်းခို' ပြုံးလိုက်ပြီး 'စိုပြေ့' လက်ကိုဆွဲခေါ်ကာ ရေခဲသုပ်ဆိုင်ရှေ့ ရပ်လိုက်ချိန်တွင်တော့ 'စိုပြေ့' မျက်လုံးများဟာ တလက်လက်တောက်ပလာခဲ့တော့သည်။
"မကြိုက်တာရှိသလား?"
"ဟင့်အင်း ပါသမျှ အကုန်ထည့်မှာ"
.....
အတန်းထဲရောက်မှ၊ 'ကွန်းခို' ဝယ်လာသမျှကို အတူစားကြရင်းကမှ၊ နှစ်ယောက်စာဝယ်လာမိတာကို 'ကွန်းခို' နောင်တရမိသည်။ တကယ်ဆို သုံးယောက်စာ ဝယ်လာရမှာပင်။
'စိုပြေ' မှ
'နောက်နေ့လည်းဝယ်စားရအောင်နော်' ဟု ပလုတ်ပလောင်းသံဖြင့် ပြောလာသေးသည်။
'ကွန်းခို' လွယ်အိတ်ထဲမှ ဆေးကဒ်ကိုထုတ်၊ ဖောက်၊ ပါးစပ်ထဲထည့်ပြီးကာမှ ရေဘူးမေ့ကျန်ခဲ့ပြီဆိုတာကို သိလိုက်ရသည်၊ ပါးစပ်ထဲက ဆေးလုံးသည် တဖြည်းဖြည်းအရည်ပျော်လာပြီး ခါးသက်လာပြီပင်၊
'ရေဘူးပါလား?' ဟု 'စို့ပြေ့' ကို ပလုံးပထွေးမေးမိတော့ သူ့လွယ်အိတ်ရဲ့ အတ်ကပ်တွေအနှံ့ လိုက်ကြည့်ပြီးမှ ခေါင်းရမ်းပြသည်။ အတန်းထဲ၌ သောက်ရေအိုးလည်းမရှိသေးပါ၊ ဆရာမ မှ တံမြက်စည်းနှင့် သောက်ရေအိုး၊ရေခွက်များမှာ မနက်ဖြန်မှရမည်ဟုပြောသွားခဲ့သည် မဟုတ်ပါလား၊ 'ကွန်းခို' ကြံရာမရနေတုန်း အစတည်းက တစ်ခုခုအားအာရုံစိုက်ကာ ရေးနေပုံရသော 'လွှမ်းတေဇ' မှ ရေသန့်ဘူးအသစ်အား ကမ်းပေးလာသည်မို့ အလျင်အမြန်ယူလိုက်ရသည်။ မော့သောက်မယ်လုပ်ပြီးမှ သူများဟာမှန်းသတိရသဖြင့် ရေခဲသုပ် ဝယ်လာသည့် ခွက်ထဲ ထည့်သောက်လိုက်ရသေးသည်။
ВЫ ЧИТАЕТЕ
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Любовные романыမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
