00:18(zawgyi ver)

5.3K 42 0
                                        

'တေဇ' တစ်ခုခုပြောဖို့ပြင်လိုက်ပေမယ့် ကျောင်းတက်ခေါင်းလောင်းသံနှင့်အတူ ဆရာမပါ ဝင်လာ၍ နေရာမှာဝင်ထိုင်လိုက်ရသည်။ 'ကွန်းခိုရာ'က ဘာဖြစ်ချင်နေတာလဲ သူတကယ်နားမလည်နိုင်။

'ကွန်းခို'ကို သူ တစ်ချိန်လုံးစိုက်ကြည့်နေတာသိသည်၊ ဒါပေမယ့် သူ့ဘက်ကို တစ်ချက်လေးတောင်အကြည့်မရောက်စေပဲ 'ကွန်းခို' စာအုပ်ကိုသာ အတင်းငုံ့ကာ ကြည့်နေလိုက်တော့သည်။

နေ့လည်ထမင်းစားဆင်းချိန်မှာတော့ အပြင်ထွက်သွားဖို့လုပ်နေတဲ့ 'ကွန်းခို'လက်ကို 'လွှမ်း'က လာဆွဲသည်။

"ငါနဲ့ စကားပြောရအောင်"

"ဟင့်အင်း"

"ကျစ်!!...၊ 'စိုပြေ' ခဏရှောင်ပေးမလား?"

"အိုခေလေ"

'စိုပြေ'က ပြောပြောဆိုဆိုပင် အပြင်ထွက်ကာ တံခါးကိုပါ ပိတ်ခဲ့ပေးသည်မို့ အလိုက်သိတတ်လွန်းသည့်သူငယ်ချင်းလေးကို 'ကွန်းခို' စိတ်ထဲမှ ပြစ်ပြစ်နှစ်နှစ် မေတ္တာပို့လိုက်မိသေးသည်။

"ငါ့ကို menstruation timeတိုင်း လမ်းခွဲစကားပြောနေမှာလား 'ကွန်းခိုရာ' ?"

"ငါ ဘယ်မှာ ပြောလို့လဲ?"

'ကွန်းခို' မကျေမနပ်ပြန်အော်မိသည်။ မကြိုက်တော့ဘူးပဲပြောတာ လမ်းခွဲမယ်လို့ ဘယ်သူက ပြောမိလို့လဲ??

"အရင်လကလည်း ပြောတယ်လေ ငါ့ကိုမကြိုက်တော့ဘူးဆိုပြီး၊ အခုလည်း ထပ်ပြောပြန်ပြီ နောက်လလည်း ပြောဦးမှာပဲမဟုတ်လား"

"..."

"အဲ့တာကြောင့် နင့်ကိုမကြိုက်ဘူးပြောတာမှမဟုတ်တာ အရင်လကလည်း ငါ့ကိုပစ်ပြီး ဘောလုံးသွားကန်တယ်လေ နင်၊ အခုလည်း ငါ့ကိုကျဂရုမစိုက်ပဲ သူများနဲ့ကျ အကြည်ဆိုက်နေကြတယ်မလား?"

"...'ကွန်းခိုရာ' ကျစ်! စကားကိုဘယ်လိုပြော? နေပါဦး နင်အခုငါ့ကို သဝန်တိုနေတာလား?"

"..."

"ဟင်လို့ ဟင်?"

"ဟုတ်တယ်လေ သဝန်တိုတယ်လေ နင်က အခုမှ ဆယ့်ခြောက်နှစ်ပဲရှိသေးတာတောင် အရပ်ကလည်းရှည်လိုက်တာ၊ မလုပ်တတ်တာလည်းဘာမှမရှိပါဘူးဆို ရုပ်ကလည်းမလိုအပ်ပဲနဲ့ချောနေသေးတယ်၊ ရုပ်ချောပါတယ်ဆိုနေမှ ပါးချိုင့်ကလည်း ရှိနေသေးတယ် နင်က အကုန်လုံးပြည့်စုံနေတာကို...ပြီးတော့ ငါ့ကိုလည်းပစ်ထားသေးတယ် အဲ့အတွက်လည်း စိတ်ဆိုးတယ်"

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Donde viven las historias. Descúbrelo ahora