00:29(uni ver)

23.1K 568 8
                                        

"တီးတောင်"

လူခေါ်ဘဲလ်သံသဲ့သဲ့က တိုက်ခန်းဆီသို့ပျံ့လွင့်လာသည်။
"...'လွှမ်း' ဧည့်သည်ထင်တယ်"

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ကာ တီဗွီချယ်နယ်တွေအား စိတ်မပါစွာ ရွေ့ပြောင်းနေခဲ့သည့်'ကွန်းခို'က မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေသည့် 'လွှမ်း'ကို အသိပေးမိခြင်း။
ရေချိုးရင်းနဲ့ 'ကွန်းခို'ရဲ့ အဝတ်တွေကိုလျှော်လိုက်တာမို့ 'လွှမ်း'က သူ့အဝတ်တွေကို ယူဝတ်စေသည်။

အရပ်ခြောက်ပေနှစ်လက်မရှိသော'လွှမ်း'နှင့် ငါး‌ပေသုံးလက်မသာရှိသော 'ကွန်းခို'တို့ရဲ့ ခန္ဓာကိုယ်ကွာခြားမှုကြောင့် 'ကွန်းခိုရာ'မှာ အဝတ်ပုံထဲမြုပ်နေရသူလို။ အညိုရောင်တီရှပ်လက်ရှည်ကတော့ 'ကွန်းခို'ရဲ့ လက်နှစ်ဆစာလောက်ရှည်နေတာမို့ ခေါက်တင်၍လည်းမရ၊ ချည်သားဘောင်းဘီ အနက်ကွက်ဟာလည်း ‌'ကွန်းခို'ရဲ့ ခြေထောက်တွေမှတဆင့် ကြမ်းပေါ်သို့ ပုံကျနေလေသည်။

"ဘေဘီ ကိုယ်မအားလို့ သွားဖွင့်ပေးမလား"

မနက်စာချက်မည်ဟုဆိုကာ မီးဖိုခန်းထဲအလုပ်ရှုပ်နေခဲ့သူဆီမှ တုံ့ပြန်သံကိုရသည်။

"ငါဖွင့်လို့ အဆင်ပြေရဲ့လား အရေးကြီးဧည့်သည်ဆို ဘယ်လိုလုပ်မလဲ"

မီးဖိုခန်းထဲမှ 'လွှမ်း'ဆီက ဟက်ဟက်ပက်ပက် ရယ်သံအချို့ ပျံ့လွင့်လာခဲ့သည်။

ဒီတိုက်ခန်းက 'လွှမ်း'တစ်ယောက်တည်းနေတာမို့ တချို့ဧည့်သည်တွေလာတဲ့အခါ 'လွှမ်း'ရဲ့ အဝတ်တွေနဲ့ 'ကွန်းခို'ကိုကြည့်ရင်း စိတ်အလိုမကျဖြစ်သွားစေတာမျိုး ဖြစ်မှာကိုစိတ်ပူမိတာကြောင့် 'ကွန်းခို'က သေချာအောင်ထပ်မေးမိခြင်းဖြစ်သည်။

"ရတယ်ဘေဘီ အရေးကြီးဧည့်သည်လည်းကိုယ့်မှာမရှိပါဘူး၊တကယ်လို့ အဲ့လိုဧည့်သည် ရှိမယ်ဆိုရင်တောင် ဘေဘီ့လောက်တော့ဘယ်သူကအရေးကြီးပါ့မလဲကွ"

"နင်ပဲ ပြောတော့"

"အခုကျတော့ နင်ဖြစ်ပြန်ပြီလား... ညကတော့ ကိုကိုဆို ကောင်းတယ်ဆို"

အေပရွန်ကြီး တကားကားနှင့် 'လွှမ်း'က မီးဖိုခန်းဝထိရောက်လာပြီး 'ကွန်းခို'ကို လာ စ နောက် နေတာမို့ 'ကွန်းခို' မျက်စောင်းချီမိသည်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Donde viven las historias. Descúbrelo ahora