00:35(uni ver)

22.6K 548 27
                                        

‌မှန်ဖွင့်ထားတဲ့ကားပြတင်းမှတစ်ဆင့် တိုးဝင်လာတဲ့လေအေးအေးဟာ 'ကွန်းခို'ရဲ့စိတ်တွေကို လန်းဆန်းအေးမြစေသည်။ ပျော်ရွှင်နေသည့်စိတ်ကြောင့် မျက်နှာလေးကပါ ကြည်လင်နေသည်။

မန္တလေးက မနက်အစောကြီးထွက်လာကာ တစ်နေ့လုံးစစ်ကိုင်းကဒေါ်လေးဆီဝင်လည်ပြီးနောက် ညနေသုံးနာရီလောက်မှာ ‌မရောက်တာအတော်ပင် ကြာပြီဖြစ်တဲ့ 'ထီးချိုင့်'ကို ခရီးဆက်ခဲ့ကြတာဖြစ်သည်။

ကားမောင်းနေတဲ့ 'လွှမ်း'က အနောက်ခုံမှာ 'စိုပြေ'နဲ့ကပ်ထိုင်နေသည့် 'ကွန်းခို'ကို နောက်ကြည့်မှန်မှတဆင့် မကြာခဏလှမ်းကြည့်နေတာသိသည်။

'ကွန်းခို' နှစ်နှစ်ခြိုက်ခြိုက်ပင်ပြုံးပြမိသည်။
အတိတ်တွေကိုထားခဲ့နိုင်ပြီး လက်ရှိကာလမှာအဆင်ပြေအောင်နေနိုင်ခဲ့ပြီမို့ 'ကွန်းခို'အတွက် သိပ်အပန်းမကြီးလှပါ။ 'လွှမ်း'ကသာ အလကားသက်သက်စိတ်ပူနေတာဖြစ်သည်။

'စိုပြေ'ကတော့ ကားပေါ်ရောက်တည်းက 'ကွန်းခို'ပုခုံးပေါ် မှီအိပ်လာတော့တာပင်။

"'I've said those words before, but it was a lie
And you deserve to hear them a thousand times
If all it is is eight letters
Why is it so hard to say?
If all it is is eight letters
Why am I in my own way?
Why do I pull you close?
And then ask you for space
If all it is is eight letters
Why is it so hard to say? "'

*8 letters // Why don't we*

သီချင်းကိုခပ်တိုးတိုးလိုက်ညည်းနေတဲ့ 'လွှမ်း'အသံသြရှရှက ကားနောက်ခန်းထိပျံ့လွင့်လာသည်မှာ နှစ်လိုစဖွယ်ကောင်းလှသည်။

"ဗိုက်ဆာလား တစ်ခုခုစားဦးမလား ဘေဘီ"

'စိုပြေ'က နှာခေါင်းရှုံ့ကာစိတ်ပျက်ဟန်လုပ်ပြသည်။

သူငယ်ချင်းသုံးယောက်တည်းအတူသွားချင်တာကော၊ အလုပ်မအားတာကောကြောင့်ပါ 'ကိုကို'လိုက်မလာခဲ့နိုင်။ ဒါကို 'တေဇ'က အပိုတွေလာလုပ်ပြနေတော့ 'စိုပြေ'စိတ်ပင်တိုလာရသည်။

"ငါလည်း လူပါဟဲ့၊ ငါဗိုက်ဆာတယ် ငါစားမယ်"

'စိုပြေ'က ဆူဆူအောင့်အောင့်အော်တော့ 'ကွန်းခို'ကော 'တေဇ'ပါ မရယ်ပဲမနေနိုင်ကြတော့။

အဆင်ပြေတဲ့စားသောက်ဆိုင်မှာ ကားကိုရပ်လိုက်ပြီးနောက် ဆိုင်ထဲအတင်းဝင်ထိုင်ကာ 'ကွန်းခို'‌ကော 'စိုပြေ'ပါ မှာချင်တာတွေကို မမောနိုင်မပန်းနိုင် ဇွတ်မှာကြတော့သည်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Donde viven las historias. Descúbrelo ahora