"ဒီဟာလား ဒီဟာလား"
"ငယ်လေးသဘော"
"အာ ငယ်လေးသဘော ငယ်လေးသဘောနဲ့၊ ကိုကို့အတွက်ဝယ်တာလေ ငယ်လေးအတွက်ဝယ်တာလား"
"ငယ်လေးကြိုက်ရင် ကိုကိုကြိုက်ပါတယ်ကွာ"
ဝတ်စရာဆိုလို့ ကားထဲမှာအပိုထည့်ထားတတ်သည့် စတိုင်လ်ပန်နဲ့ရှပ်တစ်ထည်ကလွဲ ဘာမှပါမလာတဲ့ ကိုကို့အတွက် 'စိုပြေ'က အဝတ်လိုက်ဝယ်ပေးဖြစ်သည်။ ဒါကိုသူက အကုန်ငယ်လေးသဘောလုပ်နေလေတော့ 'စိုပြေ'စိတ်မရှည်တော့လေပြီ။
"ကိုကို"
'စိုပြေ' ကိုကို့နားကပ်ကာတိုးကြိတ်ကြိတ်ခေါ်လိုက်ခြင်း။
"ဗျာ"
"အတွင်းခံကော... သွားရွေးလေ"
"ငယ်လေးဆိုဒ်သိတာပဲ ငယ်လေးရွေးပေး"
"ဒီကိုကိုတော့ တကယ်စိတ်တိုလာပြီနော်"
စတိုးဆိုင်ကဝန်ထမ်းအမတွေကပင် ပြုံးစိစိဖြစ်နေကြပြီဖြစ်သည်။
.....
မရောက်ဖြစ်တာကြာနေပေမယ့် ရင်းနှီးနေဆဲလမ်းကြားလေးထဲသို့ 'ကွန်းခို'စက်ဘီးကို ချိုးကွေ့ဝင်လိုက်သည်။ ဒီစက်ဘီးက ဘေးအိမ်မှ 'တေဇ'ငှားလာပေးသည့် စက်ဘီးဖြစ်သည်။ 'ကွန်းခို'တို့ရဲ့ အပြာရောင်နှစ်ထပ်တိုက်လေးနေရာမှာ အစိမ်းနုရောင်တိုက်ပုလေးက အစားထိုးဝင်နေသည်။ ခြံတံခါးပြာပြာလေးဟာလည်း ဘယ်ဆီများလွမ်းမောစရာ မျောလွင့်သွားပါလိမ့်။
စက်ဘီးကိုခြံရှေ့ကဖြတ်နင်းလာရင်းက ဝဲတက်လာသည့် မျက်ရည်များကို စီးကျမလာစေရန် မျက်တောင်များကိုတဖြတ်ဖြတ်ခတ်လိုက်သည်။
*သတိရမိတယ် ဖေဖေနဲ့ မေမေ*
မြစ်ကမ်းစပ်မှာခြေပစ်လက်ပစ်ထိုင်ချရင်း အတိတ်တွေကြားထဲ 'ကွန်းခို' နှစ်မြုပ်နေသည်။ ဧရာဝတီမြစ်ကြီးဟာတော့ အရင်လို စီးဆင်းလှပနေဆဲ။ ဖေဖေနှင့်အတူ ဒီမြစ်ထဲရေဆင်းကူးခဲ့ဖူးသည်။ မေမေ့နောက်တကောက်ကောက်လိုက်ကာ မကူညီပဲ ရှုပ်ခဲ့ဖူးသည်။ မှုန်ဝါးဝါးမှတ်ဉာဏ်တွေဟာ အတင်းဆွဲယူကာမှ ခပ်ရေးရေးသာ ပေါ်သည်။
ESTÁS LEYENDO
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
